ဝါရှင်တန် ၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားဖျက်သိမ်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ လုံခြုံရေးအတွက် အမေရိကန်နိုင်ငံက အာမခံကြောင်း မေလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ပေကျင်းမြို့တွင် မေ ၁၃ ရက်က အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂျာလာလာဘတ်၊ မေ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နမ်ဂါနာပြည်နယ် မြို့တော် ဂျာလာလာဘတ်မြို့ တွင် မေ ၁၃ရက်က ပေါက်ကွဲမှု ၂ ခု နှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမား တစ်ဦး အပါအဝင် အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ပြီး အခြားလူ...
ဆန်နာ၊ မေ ၁၃ ရက်(ဆင်ဟွာ) လွန်ခဲ့သောနှစ် အောက်တိုဘာလ မှစ၍ ဆုံဆို့နာရောဂါသည် ယီမင်ဒေသတော်တော်များများတွင် ပြန့်နှံ့ခဲ့ရာ သေဆုံးသူ ၉၁ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မေလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။
ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)၏ ၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားအား ယနေ့မေ ၁၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ဂျာကာတာ၊ မေ ၁၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မြို့တော် ဆူရာဘာရာမြို့ ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ခု ၌ မေ ၁၃ရက်တွင် အသေခံဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာ လူ ၆ဦးသေဆုံးပြီး အနည်းဆုံး လူ ၃၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Frans...
အန်ကာရာ၊ မေ ၁၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့မြောက်ပိုင်း အာဒါဟန်ပြည်နယ် တွင် မေ ၁၂ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ပြုံယမ်း၊ မေ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) က ၎င်း၏ နျူကလီးယားစမ်းသပ်သည့်နေရာအား ဖျက်သိမ်းမည့် အခမ်းအနားကို မေ ၂၃ရက် မှ ၂၅ရက် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က မေ ၁၂ရက် တွင် ပြောကြားခဲ့သည်။
တလျန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ထားသော လေယာဉ်တင်သင်္ဘောကို နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်ရှိ တလျန်သင်္ဘောကျင်းတစ်ခု၌ ယနေ့(မေလ ၁၃ ရက်) နံနက်ပိုင်းတွင် ရေချခဲ့ကြောင်း သိရသည်။
ပါရီ ၊ မေ ၁၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ခေါင်၌ မေလ ၁၂ ရက် ညပိုင်းတွင် လူတစ်ဦးက ဓားဖြင့် လိုက်လံတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။