Connect with us

Europe

တူရကီအရှေ့မြောက်ပိုင်းတွင် ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၄ဦးသေ၊ ၂၂ဦး ဒဏ်ရာရရှိ

တူရကီနိုင်ငံတွင်ဖြစ်ပွားခဲ့သည် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မေ ၁၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့မြောက်ပိုင်း အာဒါဟန်ပြည်နယ် တွင် မေ ၁၂ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် ဆရာများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဂျောဂျီယာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ခရီးတစ်ခု လိုက်လံပို့ဆောင်ပေးနေစဉ် ယာဉ်မောင်းက ကားကိုထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် Mozaret တောင်တွင် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၃ဦး နှင့် ယာဉ်မောင်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း Dogan News Agency ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ အရေးပေါ်လူနာတင်ကားများ နှင့် မီးသတ်ကားများ စေလွှတ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို အာဒါဟန်ပြည်နယ်ဆေးရုံ နှင့် အခြား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117