Connect with us

Africa & Middle East

ယီမင်တွင် ဆုံဆို့နာကြောင့် သေဆုံးသူ ၉၁ ဦး ရှိပြီဖြစ်

ယီမင်တွင် အစာရေစာပြတ်လပ်နေသည့် ပြည်သူများက လာရောက်ကူညီသူများအား စောင့်မျှော်နေစဉ် (ဆင်ဟွာ )

ဆန်နာ၊ မေ ၁၃ ရက်(ဆင်ဟွာ)

လွန်ခဲ့သောနှစ် အောက်တိုဘာလ မှစ၍ ဆုံဆို့နာရောဂါသည် ယီမင်ဒေသတော်တော်များများတွင် ပြန့်နှံ့ခဲ့ရာ သေဆုံးသူ ၉၁ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မေလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရသည်။

ယခုအချိန်အထိ ယီမင် မြို့တော် ဆန်နာ နှင့် အလယ်ပိုင်းပြည်နယ် ၂ ခုအပြင် အခြား ဒေသများ၌ ဆုံဆို့နာရောဂါဟု သံသယဖြစ်ဖွယ် ၁၇၂၅ ယောက်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာချက်ထဲ တွင် ရေးသားဖော်ပြထားသည်။

ဆုံဆို့နာရောဂါသည် ဘတ်တီးရီးယားမှတစ်ဆင့် ကူးစက်တတ်သည့် အသက်ရှုလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပြီး ဆုံဆို့နာရောဂါသည်နှင့် နီးကပ်စွာထိတွေ့မိလျှင် ဖြစ်စေ ၊လေထုမှတစ်ဆင့်ဖြစ်စေ ကူးစက်နိုင်ကြောင်း သိရသည်။ ရောဂါပြင်းထန်ပါက နှလုံးကြွက်သားရောင်ရမ်းခြင်းနှင့်အနီးတဝိုက်ရှိ အာရုံကြောထုံထိုင်းခြင်း အကြောသေခြင်းစသည့် အဆိပ်မိသည့်လက္ခဏာ ဖြစ်တတ်သည်။

စစ်ဖြစ်ပွားမှု၊ နိုင်ငံပေါင်းစုံမဟာမိတ်တပ်တို့၏ ကျည်းရေလေလမ်းကြောင်းများမှ ပိတ်စို့တိုက်ခိုက်မှုများကြောင့် ယီမင်တွင် အစားအစာ ၊ဆေးဝါးနှင့်အခြားပစ္စည်းများ ပြတ်လပ်ခဲ့သည့်အပြင် ကာလဝမ်းရောဂါ၊ ဆုံဆို့နာရောဂါစသည့် ရောဂါများ ဖြစ်ပွားနေသည်ဟု သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117