ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အောက်တိုဘာ ၁၈ ရက်က လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ်တွင် ကြောက်မက်ဖွယ် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆေးရုံ မီးလောင်ကျွမ်းမှုအတွက် ဆရာဝန် တစ်ဦး အပါအဝင် လူ လေးဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ၌ ဒီရေတော ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် ထိန်းသိမ်းရေး အဖွဲ့သုံးဖွဲ့ကို ရွေးချယ်ခဲ့ပြီး ယခုနှစ်အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း အနာဂတ် ဒီရေတောများ အဖွဲ့ (MFF)...
နယူးယောက်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများက နိုဝင်ဘာလအတွင်း တွေ့ဆုံမှုတွင် ရေနံ ထုတ်လုပ်မှု လျှော့ချရန် ကတိပြုခဲ့ကြသောကြောင့် ရေနံ ဈေးနှုန်း မြင့်မားနေခြင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
ရီရာ့ဒ်၊ အောက်တိုဘာ (၁၉) ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဆော်ဒီမင်းသားတစ်ဦးအား ဆော်ဒီ နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်က ကြေညာခဲ့သည်ကို ဆော်ဒီ သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ရှ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) Shenzhou-11 အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် အောက်တိုဘာ ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၆း၃၂နာရီ တွင် Tiangong-2 အာကာသဓါတ်ခွဲခန်း သို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကြောင်း ပေကျင်း လေကြောင်းအာကာသ ထိန်းချုပ်မှု စင်တာ (BACC) ၏ ပြောကြားချက်အရသိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်တွင်း ပြင်းအား ၆.၃ ရှိ ငလျင်တစ်ခု အောက်တိုဘာလ ၁၉ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရန်အတွက် စတုတ္ထအကြိမ် နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC)တွင်...