Connect with us

Africa & Middle East

အီရတ် နိုင်ငံ လေကြောင်း တိုက်ခိုက်မှုကြောင့် IS အစွန်းရောက် အဖွဲ့အစည်း ခေါင်းဆောင်ပိုင်း ၅ ဦး အပါအဝင် အဖွဲ့ဝင် ၃၆ ဦး သေဆုံး

အီရတ် နိုင်ငံ အစိုးရ လေကြောင်း တပ်ဖွဲ့ ၏ တိုက်လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အစိုးရ လေကြောင်း တပ်ဖွဲ့ ၏ ဧပြီလ ၁၉ ရက်နေ့ ၌ ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၃၆ ဦး ကို ရှင်းလင်း နိုင်ခဲ့ပြီး ၎င်းတို့အနက် ခေါင်းဆောင်ပိုင်း အဖွဲ့ဝင် ၅ ဦး ပါဝင်ကြောင်း အတည်ပြု ထုတ်ပြန် ခဲ့သည်။

အီရတ် နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေး ဌာန ၏ ဧပြီလ ၂၂ ရက်နေ့ ထုတ်ပြန် ချက်တွင် သတင်းအချက် ဌာန ၏ သတင်းပေးပို့မှု ကို အခြေခံ၍ အီရတ် နိုင်ငံ တိုက်လေယာဉ် များ က ဧပြီလ ၁၉ ရက်နေ့၌ IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်းများ ကို ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ ဗုံးကျဲ တိုက်ခိုက်မှု တွင် IS အစွန်းရောက် အဖွဲ့အစည်း ခေါင်းဆောင်ပိုင်း အဖွဲ့ဝင် များ ပုန်းခိုရာ စခန်း တစ်ခုလည်း ပါဝင် ခဲ့ကြောင်း ၊ သတင်းအချက်အလက် ဌာန ၏ သတင်းပေးပို့မှု အရ တိုက်ခိုက်မှုကြောင့် IS ခေါင်းဆောင်ပိုင်း အဖွဲ့ဝင် ၅ ဦး ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အီရတ် နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ ၌ အစိုးရ တပ်ဖွဲ့ အနေဖြင့် နိုင်ငံ အတွင်း IS တို့မှ သိမ်းပိုက်ခဲ့သည့် ဒေသ အားလုံးကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ သို့သော် လက်ရှိ ချိန်ထိ အလွန် ဝေးလံသည့် ဒေသ များတွင် IS အစွန်းရောက် အဖွဲ့ဝင် များ ပုန်းခို နေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117