Connect with us

Asia

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသား အသက် ၁၁၇ နှစ်တွင် ကွယ်လွန်

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော နာဘီတာဂျီမာအမည်ရှိ ဂျပန်အဘွားအို အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဧပြီ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော နာဘီတာဂျီမာ အမည်ရှိ ဂျပန်အဘွားအိုသည် အသက် ၁၁၇နှစ်တွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၌ ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဧပြီ ၂၂ရက်တွင်ဖော်ပြခဲ့သည်။

ကာဂိုရှီးမာစီရင်စု ကီကိုင်းကျွန်းနေ တာဂျီမာ အား ဇန်နဝါရီလကတည်းက ဆေးရုံတင်ထားရခြင်းဖြစ်ပြီး ဧပြီ ၂၁ရက် ညနေပိုင်းတွင် ဆေးရုံ၌ပင် ကွယ်လွန်သွားခဲ့ကြောင်း သတင်း၌ပါရှိသည်။

တာဂျီမာ အား ၁၉၀၀ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ယခင် ကမ္ဘာ့အသက်အကြီးဆုံးလူသား အဖြစ်သတ်မှတ် ထားသော ဂျမေကာနိုင်ငံမှ ဗိုင်အိုလတ်ဘရောင်း (၁၁၇နှစ်) ၂၁၀၇ခုနှစ် စက်တင်ဘာလတွင် ကွယ်လွန်ခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးလူသားဖြစ်လာခဲ့ကြောင်း သိရသည်။ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့သည် ဗိုင်အိုလတ်ဘရောင်း ကွယ်လွန်ပြီးကတည်းက တာဂျီမာ အား ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် တရားဝင်အသိအမှတ်ပြုရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117