Connect with us

Eastern Europe

Telegram messenger ကို ပိတ်ပစ်ရန် ရုရှားနိုင်ငံက Google ၏ IP လိပ်စာများကို တားမြစ်

ဂူဂဲလ်(Google) အမှတ်တံဆိပ် အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံဆက်သွယ်ရေးစောင့်ကြည့်စနစ် Roskomnadzor က ရုရှားနိုင်ငံ၌ အင်တာနက် အသုံးပြုသူများအကြား အချက်အလက်အငြင်းပွားမှုကို ဖောက်ထွက်ရန် Telegram အသုံးပြု၍ စာပေးပို့စနစ်တွင် Google IP လိပ်စာ အသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“ Roskomnadzor ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့Google ဘက်က ပျက်ကွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံထဲမှာ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ Google ရဲ့ IP လိပ်စာကို အသုံးပြုပြီး စာပေးပို့ဖို့ ခွင့်ပြုထားခြင်းဟာ တရားဥပဒေကိုချိုးဖောက်ရာရောက်နေပါတယ်” ဟု Roskomnadzor ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အသုံးပြုသူများ၏ အချက်အလက် စကားဝှက်ကို ဖော်ထုတ်နိုင်ရေး လိုအပ်ချက်များကို ပေးပို့ရန် မက်ဆင်ဂျာက ငြင်းဆိုခဲ့သည့်အတွက် ရုရှားတရားရုံးတစ်ခုက Google IP ဖြင့် Telegram ကို စတင်ပိတ်ပင်ရန် ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံ သတင်းအချက်အလက် စောင့်ကြည့်ရေးစနစ် Roskomnadzor က Google IP များကို စတင်ပိတ်ပစ်ခဲ့ပြီးနောက် အင်တာနက် အသုံးပြုသူများအနေဖြင့် Telegram နှင့် ချိတ်ဆက်၍ မရတော့ကြောင်း သိရသည်။အဆိုပါ ပိတ်ပင်တားမြစ်ရေးကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) နှင့် Telegram တို့အကြားအငြင်းပွားမှုများ ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည်။ကရင်မလင်နန်းတော်အပါအဝင် ရုရှားနိုင်ငံရှိ အဖွဲ့အစည်းများ နှင့် ပြည်သူများအကြားတွင် Telegram အသုံးပြုမှုကို လူကြိုက်များသော်လည်း ပုဂ္ဂလိက လုံခြုံရေးဥပဒေများကို ချိုးဖောက်နေသည့်အတွက် ယခုကဲ့သို့အသုံးပြုခွင့် ငြင်းပယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117