ကျောက်ဖြူ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ မြို့နယ် ဒေသ ဖွံဖြိုးရေး အခြေအနေ များအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ယနေ့ ဇွန် ၅ ရက်တွင် သွားရောက် လေ့လာခဲ့ကြသည်။
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ သက်တမ်း ကြာမြင့်နေသည့် မြေအောက် ဓာတ်ကြိုးများကြောင့် လျှပ်စစ် ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လေ့ ရှိသဖြင့် အဆိုပါ မြေအောက် ဓာတ်ကြိုးများအား အစားထိုး ပြင်ဆင်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မြေစွန်ကျေးရွာတွင် ဇွန် ၅ ရက်နေ့ နံနက် ၅ နာရီခွဲက သတင်းအရ တရားမဝင် ပိတောက်ခွဲသားသစ် ၅ တန်ခန့် တင်ဆောင်ရပ်တန့်ထားသော ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးသိမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဟနွိုင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဒါနန်(Da Nag) မြို ့ရှိ ဟန်မြစ်( Han River) ၌ ဇွန် ၄ ရက် ညပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် လှေတစ်စင်းတိမ်းမှောက်သည့်ဖြစ်စဉ်တွင် လူသုံးဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။
နယူးဒေလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဇွန်လ ၅ ရက် နံနက်စောစောပိုင်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို ့အဝေးပြေးလမ်းမဘေးရှိ ပေ ၂ဝ အနက် မြောင်းထဲသို့ဘတ်စ်ကားတစ်စီးထိုးဆင်းသွားရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၄ဝ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော် ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည်တွေ့ရှိ ခဲ့ပြီး အသက် ၁၆ နှစ်အောက်...
ရန်ကုန်၊ ဇွန်၅ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသမဝါယမ အသင်းသားပေါင်း နှစ်သန်းခွဲကျော်ကို ဇူလိုင်လတွင် ချေးငွေ ငွေကျပ် ၅ဝဝ ဘီလီယံခန့် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကုလသမဂ္ဂ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့လက်ဝှေ့ချန်ပီယံ(ဟောင်း) မိုဟာမက်အလီကွယ်လွန် သွားခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဇွန် ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်မီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) နိုက်ဂျီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ဒေသ Bosso မြို့၌ ဇွန်လ ၃ရက် ညပိုင်းက ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ၃ဝ ဦး နှင့် အရပ်သား ၂ ဦးသေဆုံးသွားကြောင်း ဇွန်၄...
ချီကာဂို ၊ ဇွန် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ၂ဝ၁၆ ခုနှစ် မေလအတွင်း လူသတ်မှုကြောင့် သေဆုံးသူပေါင်း ၆၆ ဦးထိရှိနေရာ ၎င်းအရေအတွက်သည် ၁၉၉၅ ခုနှစ်မှစတင်၍ ချီကာဂိုမြို့၌ လူအသေအပျောက်အများဆုံး မေလ အဖြစ် သို့ရောက်ရှိလာစေခဲ့သည်။ ၁၉၉၅ ခုနှစ် မေလတွင် ချီကာဂိုမြို့၌...