Connect with us

Eastern Europe

မော်စကိုမြို့၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လူအသေအပျောက်ရှိ ၊ လေယာဉ်ခရီးစဉ်ပေါင်းများစွာ နှောင့်နှေးမှုဖြစ်ပေါ်

မော်စကိုမြို့ ၌ ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့၌ ဒုတိယမြောက် နေ့အဖြစ် ဆီးနှင်းများထူထပ်စွာကျင်းဆင်းနေရာ လူတစ်ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sobyanin က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

မြို့တော်ဝန်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဆီးနှင်းကြောင့် သစ်ပင်သုံးပင် ပြိုလဲပြီး ပိမိခဲ့ရာမှ လူသေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ရာသီဥတုဆိုးရွာနေမှုကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများလည်း ပျက်စီးခဲ့ရကြောင်း ရေးသားထားသည်။

လက်ရှိ ကျဆင်းနေသော ဆီးနှင်းပမာဏသည် ၆ လတာကာလအတွင်းအဆိုးရွားဆုံးဖြစ်ကြောင်း ၊ မော်စကိုမြို့တွင် လေယာဉ်ခရီးစဉ်ပေါင်းအများအပြား ပယ်ဖျက်ခြင်း နှင့် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ မော်စကိုမြို့ပေါ်ရှိ အဓိက လေယာဉ်ဆိပ်ကြီးများမှ လေယာဉ်ခရီးစဉ်ပေါင်း ၁ဝ ခုကျော် ပယ်ဖျက်ခဲ့ရပြီး အခြား ခရီးစဉ်ပေါင်း ၁ဝဝ ကျော် နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ရကြောင်း Sputnik သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

မော်စကိုမြို့တော် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Andrei Vorobiev က ဆီးနှင်းထူထပ်စွာကျင်းနေသော နေရာကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လမ်းအန္တရာယ်မဖြစ်ပေါ်စေရန် လမ်းမများပေါ်ရှိ ဆီးနှင်းများကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းထိ ရာသီဥတုအခြေအနေမှာဆိုးရွားလျက်ရှိနေသေးကြောင်း ၊ ဆီးနှင်းများ လွန်ကဲစွာကျဆင်းပြီး မြို့တော်အချို့အစိတ်အပိုင်း၌ နှင်းမုန်တိုင်းဒဏ်တစ်ခုကို ခံစားခဲ့ရကြောင်း ရုရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.