Connect with us

Culture & Entertainment

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အား လာမည့် ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ဆောင်ရွက် လျက်ရှိ

အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အဆောက်အအုံကြံ့ခိုင်မှုနှင့် အကြီးစား ပြင်ဆင်မွမ်းမံ ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများ လိုက်လံ စစ်ဆေး ကြည့်ရှုနေစဉ် (ဓာတ်ပုံ-Ministry of Religious Affairs and Culture)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အအုံ ပြင်ဆင်မှု လုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(ရန်ကုန်) အကြီးစား ပြင်ဆင်မှုလုပ်ငန်းအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းများ စတင်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်ကုန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ဆောင်ရွက် လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အသစ် ဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက်ကို သမားရိုးကျ စာကြည့်တိုက် နည်း စနစ်နှင့် ဝန်ဆောင်မှုများ သာမက ခေတ်မီသတင်း အချက် အလက်နည်း ပညာများနှင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား စာကြည့်တိုက်(ရန်ကုန်)ကို အမျိုးသား စာကြည့်တိုက် အင်္ဂါရပ်များနှင့် ကိုက်ညီရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းနှင့် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့တို့က နိုင်ငံတော် သမ္မတထံ စာရေးသား တင်ပြခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်သူ များသွားလာရလွယ်ကူပြီး အချက်အချာကျသည့် ယခုအဆောက်အအုံကို အသုံးပြုခွင့်ပေးခဲ့ကြောင်း၊ တစ်ဆက်တည်းတွင် အဆင့်မီ ခင်းကျင်းရေးနှင့် စနစ်တကျ Layout Plan ရေးဆွဲ ပြီး ပြင်ဆင် ဆောင်ရွက် ကြရန်လည်း တာဝန် ရှိသူများကို ခေါ်ယူလမ်းညွှန် မှာကြားခဲ့ ကြောင်း သိရသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမကြီး၊ သီရိမင်္ဂလာရိပ်သာလမ်း၊ အမှတ် ၈၅ (က) တွင် ဖွင့်လှစ်ထားရှိသော အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အား အများပြည်သူ အလွယ်တကူ သွားလာ အသုံးပြုနိုင်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် (၆၀၄/ ၆၀၈) ကုန်သည်လမ်းရှိ အဆောက် အအုံသို့ ပြောင်းရွှေ့အသုံးပြု ခွင့်ပြုထားကြောင်း သိရသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စာအုပ်စာတမ်းပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅၅၈၀ ကျော်၊ ပေပုရပိုက် ၁၂၃၂၃၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထားရှိပြီး ပြည်သူများအား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ အတွက် ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.