Connect with us

Education & Health

SSI ပုဂ္ဂလိကဆေးဝါးစက်ရုံသစ် ၌ အမေရိကန် ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ်နှံထားဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ စက်မှုဇုန်အတွင်းရှိ ကနောင်မင်းသားကြီးလမ်း၌ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖွင့်လှစ်လိုက်သော ဒုတိယမြောက် ပုဂ္ဂလိကဆေးဝါးစက်ရုံသစ်၌ အမေရိကန် ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ်နှံထားကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

” ယနေ့ ဖွင့်လှစ်တဲ့ စက်ရုံကတော့ ပုဂ္ဂလိကအနေနဲ့ ဒုတိယမြောက် ဖွင့်လှစ်ပေးနိုင်တဲ့ ဆေးဝါးစက်ရုံပါ၊ ဒီစက်ရုံဟာ အမေရိကန်ဒေါ်လာ ၁ဝ သန်းဖိုးလောက် ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရတယ်၊ ဆေးဝါးထုတ်လုပ်မှုအပိုင်းမှာ ဘေးကင်းလုံခြုံမှု၊ အာနိသင်ရှိမှု နဲ့အတူ စိတ်ချယုံကြည်ရတဲ့ ဆေးဝါးတွေကို ပြည်တွင်း FDA ကြီးကြပ်ကွပ်ကဲမှုနဲ့ကျွန်တော်တို့ မြန်မာပြည် သူ ပြည်သား တွေအတွက် အန္တရာယ်ကင်း အာနိသင်ရှိ တဲ့ လုံခြုံစိတ်ချရတဲ့ ဆေးတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အတွက် များစွာအကျိုးရှိပါတယ်” ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ဆိုသည်။

SSI ပုဂ္ဂလိကဆေးဝါးစက်ရုံသစ်တွင် ဆေးဝါးထုတ်လုပ်မှု စက်များအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

အဆိုပါ ဆေးဝါးစက်ရုံကို ပြည်တွင်း ပုဂ္ဂလိကပိုင် Silver Shine Inter-national Co., Ltd. က အမေရိကန် ဒေါ်လာ ၁ဝ သန်း ရင်းနှီးမြှုပ်နှံထားပြီး လတ်တလော အနေဖြင့် ဆေးနှစ်မျိုးကို ထုတ်လုပ်လျက်ရှိကာ FDA ၏ ခွင့်ပြု ချက်ဖြင့် ဆေးအမယ်များကို ထပ်မံတိုးချဲ့ ထုတ်လုပ်ရန်လည်း ပြင်ဆင်လျက်ရှိသည်။ ယခုအခါ ပြည်တွင်းဆေးဝါး ထုတ်လုပ်မှု အနေဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၂ဝ ခန့်သာရှိသေး၍ ဆက်လက်ပြီး ဆေးဝါး စက်ရုံများ တိုးချဲ့တည်ဆောက်နိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ သက်ဆိုင်ရာ ဌာနများမှလည်း ဆက်လက် ကူညီပေး သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံ၌ ယခင်က ပြည်တွင်းဆေးဝါးထုတ်လုပ်မှု အနေဖြင့် လိုအပ်ချက်၏ ၁ဝ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော်ဖိုးဝန်းကျင်အထိ ပြည်ပမှ လိုအပ်သော ဆေးဝါးများကို တင်သွင်း နေရပြီး ဆေးပစ္စည်းအပါအဝင်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ဖိုးခန့် တင်သွင်းနေရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.