Connect with us

Environment, Disasters & Accidents

လှိုင်သာယာမြို့နယ်အတွင်းရှိ ကတ်ထူစက္ကူစက်ရုံ မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၇၂)ရှိ ကတ်ထူစက္ကူစက်ရုံ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ မီးများကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်ရုံကတော်တော်ကြီးတယ်၊ မီးလဲများတယ်”ဟု ၎င်းကဆိုသည်။အဆိုပါ မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက Level-3သတ်မှတ်ပြီး လက်ရှိချိန်ထိ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။

ကတ်ထူစက္ကူစက်ရုံ မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-Yangon Police)

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ရောက်ရှိ၍ မီးငြှိမ်းသတ်လျက် ရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက မီးလောင်ရာနေရာအနီး၌ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)