Connect with us

Eastern Europe

ဆီးရီးယား၌ Su-25 ဂျက်လေယာဉ်ပစ်ချခံရပြီးနောက် ရုရှားက လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်

ဆီးရီးယားနိုင်ငံ Saraqip မြို့ ၌ ပစ်ချခံရသော ရုရှားဂျက်လေယာဉ် Sukhoi-25 အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ ရုရှားဂျက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကြီးမားသော လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၃ဝ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှား Su-25 ဂျက်လေယာဉ်အား ပုခုံးထမ်းဒုံးကျည်ဖြင့် ပစ်ချခဲ့သော Jabhat al – Nusra အကြမ်းဖက်အုပ်စုထိန်းချုပ်ထားရာ ဆီးရီးယားနိုင်ငံ Edlib ဒေသကို တိကျမှုစွမ်းရည်မြင့်မားသောလက်နက်များဖြင့် တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ ရေဒီယိုကြားဖြတ်အသံဖမ်းကိရိယာက တဆင့် သိရတဲ့အချက်တွေအရ Nusra စစ်သွေးကြွ ၃ဝ ကျော် ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုံးကျည်ဖြင့် ပစ်ခတ်ခံရသော Su-25 ဂျက်လေယာဉ်မှ ခုန်ထွက်လွတ်မြောက်သွားသော လေယာဉ်မှူးသည် နောက်ပိုင်းတွင် အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားစစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များက ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အလုံးစုံ ချေမှုန်းသုတ်သင်ရှင်းလင်း နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားစစ်တပ်က ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။

နောက်ပိုင်းတွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆီးရီးယားနိုင်ငံအတွင်းရှိ ရုရှားစစ်တပ်ကို တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းသွားမည်ဖြစ်ကြေင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ် စစ်သွေးကြွများကို ရှင်းလင်းရေး စစ်ဆင်မှုအတွက် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စစ်အသုံးစရိတ်အဖြစ်တစ်ရက်လျှင် ပျမ်းမျှ ရူဗယ် ၁၅၆ သန်း ( အမေရိကန်ဒေါ်လာ ၂.၆ သန်း ) သုံးစွဲနေရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.