နေပြည်တော် ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၆၀ ကျော် သုံးစွဲသွားရန် လျာထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်...
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်တွင် ဇန်နဝါရီ ၁၆ရက် က ဖြစ်ပွားခဲ့သည့် သီးခြားစီရထားတိုက်မိမှုဖြစ်စဉ်များကြောင့် လူ ၂ဦးသေဆုံးခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးလူသေဆုံးမှုဖြစ်ကြောင်း ရထားလမ်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်ကြောင်းသွား သယ်ယူ ပို့ဆောင်ရေးဖြစ်သည့် Yangon Water Bus ၏ ဒုတိယမြောက် ခရီး စဉ်သစ်များဖြစ်သည့် ဗိုလ်တထောင်- မြောက်ဒဂုံ ခရီးစဉ်နှင့် ဗိုလ်တထောင်- သန်လျင် စတားစီးတီးအိမ်ရာ ခရီးစဉ် တို့အတွက် ဆိပ်ကမ်းများကို စတင် တည်ဆောက်နေပြီ...
ရီယိုဒီဂျနေရို၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ကမ္ဘာ့ချန်ပီယံဘရာဇီးဘောလုံးအသင်း ကစားသမား နှင့် ဖီဖာ(FIFA) ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ်ဆွတ်ခူးရရှိထားသော ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟိုသည် ဘောလုံးလောကမှ တရားဝင် အနားယူသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဘောလုံး နောက်ဆုံးကစားခဲ့ပြီး ယခုအခါ အနားယူကြောင်း ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
ဘိုဂိုတာ ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ စစ်တပ် ရဟတ်ယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၁၆ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်း Antioquia ပြည်နယ်၌ ပျက်ကျသွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားကြောင်း စစ်တပ်သတင်းအရင်းမြစ် အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ယနေ့ တစ်ရက် တည်းတွင် ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း ၊ ဖောင်းပြင်မြို့ ၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာ စကေး (၄.ဝ)အဆင့်ရှိ ငလျင်သည် ယနေ့အတွက် ဒုတိယအကြိမ်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ...
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ၂၀၁၈ ကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
လွမ်ဒါ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Manuel Domingos Augusto က တရုတ် တစ်နိုင်ငံတည်းမူဝါဒအား ၎င်းတို့နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းအတည်ပြုပါကြောင်း ဇန်နဝါရီလ ၁၄ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ချစ်ကြည်ရေးခရီးစဉ်အတွင်း တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပေါက်တောမြို့နယ်၌ ငါးဖမ်းစက်လှေအား ကုန်တင်သင်္ဘောမှ ဝင်ရောက် တိုက်မိမှုကြောင့် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရနှင့် ၄ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။