Connect with us

Science & Technology

Yangon Water Bus ခရီးစဉ်သစ်များအတွက် ဆိပ်ကမ်းများ စတင် တည်ဆောက်

ရန်ကုန် Yangon Water Bus များအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်ကြောင်းသွား သယ်ယူ ပို့ဆောင်ရေးဖြစ်သည့် Yangon Water Bus ၏ ဒုတိယမြောက် ခရီး စဉ်သစ်များဖြစ်သည့် ဗိုလ်တထောင်- မြောက်ဒဂုံ ခရီးစဉ်နှင့် ဗိုလ်တထောင်- သန်လျင် စတားစီးတီးအိမ်ရာ ခရီးစဉ် တို့အတွက် ဆိပ်ကမ်းများကို စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်းYangon Water Bus ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါခရီးစဉ်များ စတင်ပြေးဆွဲ နိုင်ရန်အတွက် ခရီးစဉ်နှင့် ကိုက်ညီမည့်

ရေယာဉ်များကို ပြည်ပမှတင်သွင်းထားသလို ပြည်တွင်း တွင်လည်း တည်ဆောက်လျက်ရှိပြီး ခရီးစဉ်တစ်လျှောက် ရပ်နားမည့် မှတ်တိုင်များအတွက် ဆိပ်ကမ်းများကို စတင် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်-မြောက်ဒဂုံခရီးစဉ်တွင် မှတ်တိုင် ၁၁ ခုခန့် သတ်မှတ် လျာထားပြီး ရေယာဉ်ခြောက်စင်းဖြင့်လည်း ကောင်း၊ ဗိုလ်တထောင်-သန်လျင် စတားစီးတီး ခရီးစဉ် တွင် မှတ်တိုင်လေးခုခန့်လျာထားပြီး ရေယာဉ်လေးစင်းဖြင့် လည်းကောင်း ပြေးဆွဲရန်လျာထားကြောင်း သိရသည်။ အဆိုပါ မြစ်ကြောင်းသွားခရီးစဉ်၏ ပထမဦးဆုံးခရီးစဉ် ကို ဗိုလ်တထောင်-အင်းစိန် ဟူ၍ အောင်မြင်အောင် ပြေးဆွဲနိုင်ခဲ့ပြီး ဆက်လက်၍ ရေရှည်တည်တံ့စွာပြေးဆွဲ နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြား သည်။ ဆက်လက်၍ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ဒလ စသည့် ခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.