Connect with us

Sport

ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ၂၀၁၈ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပမည်

၂၀၁၈ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲဝင်နေကြသူတချို့အားတွေ့ရစဉ် (ဓာတ်ပုံ--ရိုးမ ရန်ကုန် သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ၂၀၁၈ ကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

အပြေးပြိုင်ပွဲဝင်သူများ ပိုမို အဆင်ပြေချောမွေ့စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲအမျိုးအစား တစ်ခုချင်းစီ၏ တရားဝင် ပြေးလမ်းကြောင်းများကို ယခင်ကျင်းပခဲ့သော မာရသွန်ပြိုင်ပွဲများထက် ပိုမို ကောင်းမွန်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း တွင် ပြိုင်ပွဲအမျိုးအစားများအားလုံး တာထွက်၍ ပြန်လည်ပန်းဝင်ရမည်ဖြစ်ပြီး ပြေးလမ်းကြောင်းတွင် အထင်ကရနေရာများဖြစ်ကြသော ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

မာရသွန်အပြည့်ပြိုင်ပွဲ၊ မာရသွန်တစ်ဝက်ပြိုင်ပွဲ (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန်ပြိုင်ပွဲ (၁၀ ကီလိုမီတာ) နှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက်ပြိုင်ပွဲများ၏ ပြေးလမ်းကြောင်းများနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက ပြိုင်ပွဲ website ဖြစ်သည့် (http://yomayangonmarathon.com/flag-off-timing-race-route/ ) တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ပွဲစီစဉ်သူများဖြစ်ကြသော Yoma Strategic Holdings, First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပြိုင်ပွဲကျင်းပမည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လမ်းမကြီးနှင့် လမ်းသွယ်အချို့အားဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မှ သံသုမာလမ်းဆုံ အထိ (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲ အထိ)၊ရာဇဓိရာဇ်လမ်း မှ ကမ်းနားလမ်းဟောင်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)၊ဗညားဒလလမ်း မှ ကျိုက္ကဆံလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)၊စက်ရုံလမ်း မှ ဗညားဒလလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)၊ဗဟိုလမ်း မှ ဆေးဝါးလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)၊အောင်သိဒ္ဓိလမ်း မှ မင်းဓမ္မလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)၊ သစ္စာလမ်း (ကန်ဘဲ့) မှ မိုးကောင်းလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ) ကားလမ်းမများတွင် ဘလောက်တုံးများ ချထားကာ လမ်းပိတ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်လမ်းကြောင်းများကို စီမံခန့်ခွဲပေးသွားမည် ဖြစ်ကြောင်း၊ လမ်းပိတ်ထားမည့် အခြေအနေများကို အသေးစိတ်သိရှိလိုပါက နောက်ဆက်တွဲ စာရင်းတွင် ကြည့်ရှု့နိုင်ပြီး ပြိုင်ပွဲ website ဖြစ်သော (http://yomayangonmarathon.com/race-details/) တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.