Connect with us

Africa & Middle East

တရုတ် တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာထောက်ခံကြောင်း အန်ဂိုလာနိုင်ငံ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Manuel Domingos Augusto တို့ ဇန်နဝါရီလ ၁၄ ရက်က အန်ဂိုလာနိုင်ငံ မြို့တော် လွမ်ဒါ၌ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

လွမ်ဒါ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Manuel Domingos Augusto က တရုတ် တစ်နိုင်ငံတည်းမူဝါဒအား ၎င်းတို့နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းအတည်ပြုပါကြောင်း ဇန်နဝါရီလ ၁၄ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ချစ်ကြည်ရေးခရီးစဉ်အတွင်း တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံစဉ် Augusto က တရုတ် တစ်နိုင်ငံတည်းမူဝါဒအား အန်ဂိုလာနိုင်ငံက ဆက်လက်ထောက်ခံပါကြောင်း၊ တောင်တရုတ်ပင်လယ်အရေးအပါအဝင် ဘုံ အကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များဆိုင်ရာ တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးကျေးဇူးများအား ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်ဂိုလာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား မြင့်မားစွာ တန်ဖိုးထားပါကြောင်း၊ ညီမျှသောဟန်ချက်ပေါ်၌ အပြန်အလှန် လေးစားမှုနှင့် ဆွေးနွေးညှိနှိုင်းမှုအပေါ် အခြေခံထားသည့် ဆက်ဆံရေးအား Augusto က အလေးထား ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်များ၌ နှစ်နိုင်ငံ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက်လည်း အန်ဂိုလာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အန်ဂိုလာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ယခုနှစ် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီး အစည်းအဝေး အောင်မြင်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်နိုင်ငံနှင့် အန်ဂိုလာနိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်လာသည်မှာ ၃၅ နှစ်ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် အန်ဂိုလာနိုင်ငံ၏ အဓိကကျသော မဟာဗျူဟာမြောက် မိတ်ဖက်နှင့် အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အန်ဂိုလာနိုင်ငံအကြား ဘုံအကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များ၌ ခိုင်မာသော နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် ထောက်ပံ့မှုအား ဆက်လက်လုပ်ဆောင်သွားရန် ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အန်ဂိုလာနိုင်ငံနှင့်အတူ ဆက်ဆံရေးအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပြုလုပ်မည့် FOCAC ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာဖရိကအကြား ခိုင်မာတောင့်တင်းသော သဘောတူညီချက်များနှင့် အပြန်အလှန် ဆက်ဆံရေး ရရှိစေနိုင်မည်ဟု ဝမ်က ဆိုသည်။

ယခုခရီးစဉ်သည် ၂၀၁၈ ခုနှစ်အတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး အာဖရိကခရီးစဉ်အဖြစ် ရဝမ်ဒါနိုင်ငံနှင့် အန်ဂိုလာနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဝမ်သည် အာဖရိကနိုင်ငံများဖြစ်သော ဂါဘွန်နိုင်ငံနှင့် ဆောင်တူမီးနှင့် ပရင်စီပီနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.