ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်လ်နီညို(EL Nino) အကျိုး သက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များအား ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA) တို့အကြားတွင်ဖြစ်ပေါ်နေသော တိုက်ပွဲများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က တိုက်တွန်းလိုက်သည်။
ဒမာစကက်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်မြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်က ကားထောင်ချောက်ဗုံး နှစ်လုံးတွဲ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့်ရေး အဖွဲ့က သတင်းဖော်ပြထားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ်အစည်းအဝေး သုံးရက်အတွင်း အစိုးရသစ်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းခြင်းနှင့် အခြားကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စူဗား၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံတွင်းသို့ ညတွင်းချင်း ဝင်ရောက်ခဲ့သည့် အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) ကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိခဲ့ကြောင်း ဝန်ကြီးချုပ် ဗော်ရက် ဘိန်နီမာရာမာ (Voreqe Bainimarama) က ဖေဖော်ဝါရီလ ၂၁ ရက်က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ကို မြို့ပြစီမံကိန်းအသစ်ရေးဆွဲပြီး ပြန်လည်တည်ဆောက်မှုကို စတင်နေပြီဖြစ်ကြောင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းနယ်မြေ ရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူအများ စုဖွဲ့ကခုန်နေမှုများကြောင့် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ရန် ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ အတွင်း ဗြိတိန်နိုင်ငံ ဆက်နေမည်လား၊ ထွက်ခွာမည်လားဆိုသည့် လူထုဆန္ဒခံယူပွဲအား ဇွန်လ ၂၃ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဖေဖော်ဝါရီလ ၂၀ ရက်က ကြေညာလိုက် သည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အမေရိကန် မောင်းသူမဲ့လေယာဉ် (UAV) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ် တွင် ပျက်ကျခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း နေတိုးဦးဆောင်သည့် ထောက်ပံ့ရေး မစ်ရှင် (RS) က...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးဟောင်း ဂျက် ဘုရှ် (Jeb Bush) က တောင်ကယ်ရိုလိုင်းနား ပြည်နယ် ပရိုင်မာရီ (Primary) တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန် သမ္မတလောင်း ပြိုင်ပွဲမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဖေဖော် ဝါရီလ ၂၀...