Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၌ အင်သစ်ခွဲသား တန် ၄၅၀ကျော် တရားမဝင် သိမ်းဆည်းရမိ

အင်တောမြို့နယ်ခွဲအတွင်း ဖမ်းဆီးရမိသော အင်သစ်ခွဲသားများအား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲအတွင်း ဒီဇင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းတွင် တရားမဝင် အင်သစ်ခွဲသားဆိုဒ်စုံ ခန့်မှန်း ၄၅၀ တန်ခန့် အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌လည်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် အားသစ်ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသော ပိတောက်ဓားရွေတုံးဆိုဒ်စုံ ၂၆ တုံး(ခန့်မှန်း ၂ တန်ခန့်)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိ သူနှင့် ပစ္စည်းများအား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့် သစ်တောဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.