Connect with us

Politics, Law & Military

ကချင်ပြည်နယ်၌ တရားမဝင် သစ်တန် ၅၀ခန့်နှင့်လူ ၁၃ဦးများ ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မံစံမြို့နယ်အတွင်း ဒီဇင်ဘာ ၂၀ရက်နေ့ နံနက်၌ တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၃ ဦးတို့အား သစ်လုံး/သစ်ခွဲသားမျိုးစုံ ၅၀ တန်ခန့် တင်ဆောင်ထားသော ယမ်းဖောင်အမျိုးအစား သစ်တင်ယာဉ်ခုနစ်စီးနှင့် အတူ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မံစီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် မံစီမြို့၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့်သစ်များအား မံစီမြို့မရဲစခန်းနှင့် မြို့နယ်သစ်တောဦးစီးဌာနများသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.