Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ကမ်းရိုးတန်းတွင် လူ ၂၅၁ ဦး လိုက်ပါလာသော သင်္ဘောနစ်မြုပ်၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဆဲ

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ် ကမ်းရိုးတန်းတွင် လှေနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ပြင်ပတွင် ဒီဇင်ဘာလ ၂၁ ရက်က လူ ၂၅၁ ဦးလိုက်ပါလာသော သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောကြားခဲ့သည်။

PCG ပြောခွင့်ရပုဂ္ဂိုလ် Armand Balilo က သတင်းများအရ သင်္ဘောပေါ်လိုက်ပါသွားသူများ ရေနစ်မြုပ်သွားခဲ့ကြောင်း၊ အရေအတွက်အား အတည်မပြုနိုင်သေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူအသေအပျောက် သတင်းတွေတော့ ကျွန်တော်တို့လဲ ကြားပါတယ်။ ဒါပေမဲ့ အတည်ပြုချက်ယူနေတုန်းပါပဲ” Balilo က ပြောခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လှေ သုံးစီးက သင်္ဘောနစ်မြုပ်သည့်နေရာတွင် လုပ်ကိုင်နေကြောင်း၊ ယင်းနေရာသည် ကမ်းခြေမှ ၈ မိုင်မှ ၉ မိုင်ခန့်ကွာဝေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် Quezon ပြည်နယ် Real မြို့ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ဖိလစ်ပိုင် ကျွန်းစု အရှေ့မြောက်ဘက်ရှိ Polilio ကျွန်းသို့ သွားရောက်ခြင်း ဖြစ်သည်။

သင်္ဘော တိမ်းမှောက်ရခြင်းအကြောင်းရင်းအား ရှာဖွေနေသော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်ပွားရသည်ဟု Balilo က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.