Connect with us

Asia

သီရိလင်္ကာမြို့တော်တွင် ဇန်နဝါရီလ ၁ ရက်မှစ၍ တောင်းရမ်းစားခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတွင် တောင်းရမ်းစားသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို၏ လမ်းမများ သို့မဟုတ် အများပြည်သူ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်လျှောက်တွင် တောင်းရမ်းစားခွင့်အား ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဒီဇင်ဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း ဒေသတွင်း မီဒီယာက ရေးသားခဲ့သည်။

လေ့လာမှုစစ်တမ်းအရ ကိုလံဘိုမြို့အတွင်း တောင်းစားသူ အရေအတွက် ၆၀၀ ဝန်းကျင်ရှိကြောင်း မြို့ပြနှင့် အနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Champika Ranawaka က ပြောကြားခဲ့သည်။

အများပြည်သူနှင့် ကိုလံဘိုမြို့တော် သာယာလှပရေး အစီအစဉ်အရ အဆင်မပြေနိုင်သဖြင့် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ကိုလံဘိုမြို့တွင်းနှင့် အနီးဝန်းကျင်တွင် ပိုက်ဆံတောင်းရမ်းနေခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

အဆိုပါ တောင်းစားသူများအား သီရိလင်္ကာတောင်ပိုင်းတွင် အစိုးရက တည်ဆောက်ထားသော ပြန်လည်ထူထောင်ရေးစင်တာတွင် ဘဝရပ်တည်ရန် ပြန်လည်ထူထောင်ပေးမည်ဟု ၎င်းက ဆိုသည်။

“ဒါက မျှော်လင့်ချက်မဲ့နေတဲ့ သူတောင်းစားတွေအတွက် စာနာစိတ်နဲ့ ပထမဆုံး လုပ်ဆောင်ပေးခြင်းပါပဲ။ ဒါပေမဲ့ ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်း တစ်ခုအဖြစ် လုပ်နေသူများအနေနဲ့ အခြား အလုပ်အကိုင် တစ်ခုခုကို ချက်ချင်းရှာထားသင့်တယ်။ ဒါမှမဟုတ်ရင် ဥပဒေအရ ကျွန်တော်တို့ ဆောင်ရွက်ပြီဆိုရင်တော့ မလိုက်နာသူတွေကို မြူနီစီပယ်ကောင်စီ ဥပဒေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်” Ranawaka က ဆိုသည်။

ထို့ပြင် တောင်းရမ်းစားသူ ကလေးငယ်များအား စာသင်ကျောင်းသို့ ပို့ဆောင် ပညာသင်ကြားစေမည်ဖြစ်ပြီး မကျန်းမာသူများအား စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.