ပါရီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း တွင် ဒီဇင်ဘာ ၁၄ ရက်က ရထားတစ်စီး နှင့် ကျောင်းကားတစ်စီး တိုက်မိရာ အနည်းဆုံး ကျောင်းသား ၄ဦးသေဆုံးပြီး ကျောင်းသား ၂၁ဦးအပါအဝင် လူ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက ရဲသင်တန်းကျောင်းတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခေါင်းဆောင် နှင့် တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်(ROK) တို့သည် နှစ်နိုင်ငံဆက်ဆံရေး ကာလရှည်ကြာစွာ တည်ငြိမ်စွာဖြစ်ပေါ်တိုးတက်အောင် နှစ်ဖက်ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်သွားကြရန် ဒီဇင်ဘာ ၁၄ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအား နေ့စဉ် ဆောင်ရွက်နေသည့် လုပ်ငန်းများ တွင် အကောင်းဆုံး အကျိုးရှိစွာ အသုံးချကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၁ဝ တန်ဖိုးရှိ ဘိန်းဖြူများနှင့်ငွေကျပ် ၁၆.၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ၂၈ဝဝ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။