Connect with us

Local

အကောက်ခွန်မဲ့ ပစ္စည်း တန်ဖိုး ကျပ်သန်း ၂၈ဝဝ ကျော် နိုဝင်ဘာလ အတွင်း သိမ်းဆည်း ရမိ

မရမ်းချောင် စစ်ဆေးရေးစခန်း တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများအား ဒီဇင်ဘာ ၁၂ ရက်တွင် သိမ်းဆည်း ရမိခဲ့စဉ်(ဓာတ်ပုံ- The Mirror Daily)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ၂၈ဝဝ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်း များ၊ အထူးကင်း၊ ရေပူ စစ်ဆေးရေး စခန်း နှင့် အကောက်ခွန် နယ်မြေဒေသ အသီးသီးတို့တွင် စုစုပေါင်း တားဆီးမှု ၃၈၈ မှုမှ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၂၄ ဒသမ ၇ဝ၁ သန်းခန့်အား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့သိမ်းဆည်းရမိခဲ့ရာတွင် ထူးခြား ဖမ်းဆီးမှုအနေဖြင့် ပဲခူး တိုင်းဒေသကြီး ဘုရားကြီးမြို့ နှင့် ဝေါမြို့ လမ်းကြောင်း ပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်စဉ် Nissan Condor Truck ယာဉ် တစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော မော်တော်ယာဉ် အင်ဂျင်နှင့် ဆက်စပ်ပစ္စည်း ၈၅ မျိုးနှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၆ ဒသမ ၄၃ဝ သန်းခန့်အား နိုဝင်ဘာ ၂၃ ရက်တွင် သိမ်းဆည်းခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.