လစ္စဘွန်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ တောင်ဘက် ၃၀ကီလိုမီတာ အကွာ အယ်လ်မာဒါမြို့ ရှိ Sao Joao ကမ်းခြေတွင် သြဂုတ်၂ ရက်က လေယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာ လူ၂ဦးသေဆုံးခဲ့ကြောင်း ပေါ်တူဂီသတင်းဋ္ဌာန Lusa က ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီဆိပ်ကမ်းတွင် သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်ရေကျချိန် ညအိပ်ရပ်နားထားသော ရေယာဉ်သည် တင်ဆောင်လာသော တန်ပိုဝိန်ကြောင့် ညာဘက်သို့ တိမ်းစောင်းနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ စပါးစိုက်ပျိုးရေးကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီးက သုံးပုံတစ်ပုံ တာဝန်ယူထားသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ် မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုးရာတွင် ဖျာပုံခရိုင်သည် ၃ဝ ရာခိုင်နှုန်းကျော် တာဝန်ယူစိုက်ပျိုး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မော်စကို၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ ရှိ ၎င်း၏ သံရုံးအား စစ်သွေးကြွများက သြဂုတ် ၂ ရက်တွင် စိန်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ မရှိကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) ပင်တဂွန်စစ်ဋ္ဌာနချုပ် က ပါကစ္စတန်နိုင်ငံတွင် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦး အသတ်ခံရကြောင်း သြဂုတ် ၂ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ သြဂုတ် ၃ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Tamaulipas ပြည်နယ်၌ သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ တိုက်မိရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၁၆ ဦးကျော်...
ဒိုဟာ၊ သြဂုတ် ၃ရက် (ဆင်ဟွာ) ကာတာနိုင်ငံသည် ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံ အုပ်စု နှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့်ကြားက အီတလီနိုင်ငံထံမှ ယူရိုငွေ ၅ဘီလီယံ တန်ဖိုးရှိသည့် စစ်သင်္ဘော ၇စီးအား မှာယူခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီး ၏ပြောကြားချက်အရ သိရသည်။
ဘရာဇီးလီယာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ မိုက်ကယ်တီမာ(Michel Temer) အပေါ် အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုချက်အား ပယ်ဖျက်ပစ်ရန် ဘရာဇီးဒုတိယရှေ့နေချုပ်က ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ဘာဆီလိုနာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ) ဘာဆီလိုနာ အသင်းတွင် ဘောလုံးရာသီ ၄ ခု ပါဝင်ကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည့် ဘရာဇီးဘောလုံးသမား နေမာ အတွက် ကံကောင်းပါစေကြောင်း လီယွန်နယ်မက်ဆီက သြဂုတ်လ ၂ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဆုတောင်းစကား ပြောကြားခဲ့သည်။
ဟနွိုင်း ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း အမျိုးသမီးရေကူးအားကစားသမား Nguyen Thi Anh Vien သည် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၉ ကြိမ်မြောက် (ဆီးဂိမ်း) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အနည်းဆုံး ရွှေတံဆိပ် ၈ ခု ရယူနိုင်ရန် ရည်မှန်းထားကြောင်း...