Connect with us

North America

အာဖဂန် တွင် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦး အသတ်ခံရကြောင်း ပင်တဂွန်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ ရှိ အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ပင်တဂွန်စစ်ဋ္ဌာနချုပ် က ပါကစ္စတန်နိုင်ငံတွင် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦး အသတ်ခံရကြောင်း သြဂုတ် ၂ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဋ္ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Jeff Davis က အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့ တွင် ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရပြီး အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် တွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကျက်ထားရန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေစဉ် ထို့သို့ သတ်ဖြတ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ သမ္မတဟောင်း ဘားရတ်အိုဘားမား က အာဖဂန်နစ္စတန်နိုင်ငံ တွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၉,၈၀၀ အား ၂၀၁၅ခုနှစ် အကုန်တွင် တပ်ဖွဲ့ဝင် ၅,၅၀၀ အထိ လျှော့ချရန် နှင့် ၎င်းသမ္မတ သက်တမ်း ကုန်ခါနီး ၂၀၁၆ခုနှစ် အကုန်တွင် အာဖဂန်များ တပ်ဖွဲ့ဝင်အားလုံး ရုပ်သိမ်းသွားရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.