Connect with us

Europe

သူငယ်ချင်းနေမာ အတွက် ကံကောင်းပါစေဟု မက်ဆီ ဆုတောင်းစကားဆို

ဘာဆီလိုနာ အသင်းကစားသမားနှစ်ဦးဖြစ်သည့် နေမာ(ယာ) နှင့် မက်ဆီ(ဝဲ)တို့ အား ပြိုင်ပွဲတစ်ခုတွင် အတူတကွတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘာဆီလိုနာ ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဘာဆီလိုနာ အသင်းတွင် ဘောလုံးရာသီ ၄ ခု ပါဝင်ကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည့် ဘရာဇီးဘောလုံးသမား နေမာ အတွက် ကံကောင်းပါစေကြောင်း လီယွန်နယ်မက်ဆီက သြဂုတ်လ ၂ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဆုတောင်းစကား ပြောကြားခဲ့သည်။

“ သူငယ်ချင်း နေမာ နဲ့ဘောလုံးရာသီ သုံးခုမှာ အတူတကွ လက်တွဲ ကစားခွင့်ရခဲ့တဲ့အတွက် သိပ်ကို ကျေနပ်ပျော်ရွှင်မိပါတယ် ” ဟု မက်ဆီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီး နေမာနှင့်အတူ တွဲဖက်ကစားခဲ့သော ဗီဒီယိုဖိုင်တစ်ခုကိုပါ ယှဉ်တွဲ ဖော်ပြထားကြောင်း သိရသည်။

“ မင်းရဲ့ ဘဝဇာတ်ခုံအသစ်မှာ ကံကောင်းခြင်းတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မင်းနဲ့ထပ်ဆုံအုံးမယ်” ဟု အာဂျင်တီးနားလက်ရွေးစင်ကစားသမား မက်ဆီက ရေးသားထားသည်။

ဘာဆီလိုနာအသင်းကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း နေမာက အသင်းဖော်များအား ထုတ်ဖော်ပြောကြားပြီး နာရီအနည်းအငယ်အတွင်း အဆိုပါ ပိုစ့်ကို မက်ဆီက ရေးသားခဲ့ခြင်းဖြစ်သည်။

အသက် ၂၂ နှစ်အရွယ် နေမာ၏ အပြောင်းအရွှေ့အတွက် ပြင်သစ် ကလပ် ပဲရစ်စိန့်ဂျာမိန်(Paris Saint-Germain)အသင်းက ပြောင်းရွှေ့ကြေး ယူရိုငွေ ၂၂၂ သန်း ပေးချေရန် မျှော်လင့်ထားကြောင်း သိရသည်။

ဘာဆီလိုနာအသင်း၏ ထုတ်ပြန်ချက်ထဲတွင် “ နေမာဟာ ဘာဆီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကျန်နေပါသေးတယ်။ဒါပေမယ့် ယာယီခွင့်ပြုချက်နဲ့သူ့ကို အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဖို့ခွင့်ပြုထားပါတယ်” ဟု ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.