ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ငါးခူရရဲစခန်းအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်သူ တရားခံပြေးနှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်က လမ်းမတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး အခြားလူ လေးဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး...
မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အငြင်းပွားဖွယ် မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး အတွက် တက္ကဆက်ပြည်နယ်တွင် သိုသိပ်စွာပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံပိုင် Notimex သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက် ရှိသောကျောင်းများ ယာယီပိတ်ထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံရှိ National Football Center (အမျိုးသားဘောလုံးစင်တာ) တွင် သွားရောက် လေ့ကျင့်လျက်ရှိရာ လေ့ကျင့်မှုများ ပြုလုပ်သည့် ကာလအတွင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ဘဂ္ဂဒက် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၁၇ ရက်နေ့၌ နိုင်ငံ အနောက်မြောက်ပိုင်းရှိ မြို့တစ်မြို့အား ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ IS အစွန်းရောက် အဖွဲ့အစည်း မှ အကြမ်းဖက်သမား ၄၇ ဦး...
မော်စကို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ရှိ ရုရှားသံရုံးအား စစ်သွေးကြွများက စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၁၈ ရက်တွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ယင်းဖြစ်စဉ်အား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။