Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် မြန်အောင်မြို့နယ်တွင် ရေကြီးနစ်မြုပ်လျက်ရှိသောကျောင်းများ ယာယီပိတ်ထား

ရေကြီးနစ်မြုပ်လျက်ရှိသောကျောင်းတစ်ကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက် ရှိသောကျောင်းများ ယာယီပိတ်ထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြန်အောင်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအုပ်စုများနှင့် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာ အုပ်စုများရှိ ကျောင်းများဖြစ်သော အ.လ.က(ခွဲ)သုံးဆယ်ကျွန်း၊ အလက(ခွဲ)လန်ဒါကျောင်းနှင့် အ.မ.က ခုနှစ်အိမ်တန်း၊ အ.မ.က ဆပ်သွားဖူးကျွန်း၊ အ.မ.က ပဲတခွဲ စုစုပေါင်း ကျောင်း(၅)ကျောင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီ ပိတ်ထားပြီး မြစ်ရေကျသွားပါက ကျောင်းများအမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းပိတ်ရက်များအတွက် အစားထိုး သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.