Connect with us

Europe

ဒမတ်စကပ်စ်မြို့ ရှိ ရုရှားသံရုံး အတိုက်ခံရမှုအား ရုရှားပြစ်တင်ရှုပတချ

ဒမတ်စကပ်စ်မြို့ရှိ ရုရှားသံရုံး အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ရှိ ရုရှားသံရုံးအား စစ်သွေးကြွများက စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၁၈ ရက်တွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ယင်းဖြစ်စဉ်အား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။

ဒမတ်စကပ်စ်မြို့အတွင်းရှိ စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ဂျိုဘာခရိုင် မှ ပစ်ခတ်လိုက်သော ဒုံးကျည် နှစ်လုံးသည် ရုရှားသံရုံးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ကံကောင်းစွာဖြင့် အဆောက်အအုံပျက်စီးခြင်း နှင့် လူသေဆုံးမှုများမရှိခဲ့ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

၎င်းက ဆီးရီးယားရှိ စစ်သွေးကြွများအား တိုက်ထုတ်သွားမည့် ရုရှားနိုင်ငံ၏ မူဝါဒကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဝန်ကြီး က ဆီးရီးယား ၌သာမက အရှေ့အလယ်ပိုင်းတစ်ခုလုံးရှိ စစ်သွေးကြွများအား အမြန်ဆုံး ချေမှုန်းတိုက်ခိုက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းပါဝင်ပြီး အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

ရုရှားနိုင်ငံ သည် ဆီးရီးယားရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် စတင် ပါဝင်ခဲ့သည့် ၂၀၁၅ခုနှစ် စက်တင်ဘာလ မှစ၍ ဒမတ်စကပ်စ်မြို့ ရှိ ရုရှားသံရုံးအား စစ်သွေးကြွများက မကြာခဏ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ယခုအချိန်တွင် ဆီးရီးယားနိုင်ငံမှ ၎င်း၏ တပ်သားအများစုကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များကို ဆက်လက်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.