Connect with us

North America

မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်း တည်ဆောက်ရေး အမေရိကန်ဘက်က သိုသိုသိပ်သိပ်ပြင်ဆင်

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်မှု အစိတ်အပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အငြင်းပွားဖွယ် မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး အတွက် တက္ကဆက်ပြည်နယ်တွင် သိုသိပ်စွာပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံပိုင် Notimex သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

“တက္ကဆက် အရှေ့တောင်ပိုင်းမှာ နယ်စပ်တံတိုင်း တည်ဆောက်ရေး ပထမအဆင့် ရေးဆွဲတည်ဆောက်ရေး အတွက် အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေး (CBP) ရုံးက သိုသိုသိပ်သိပ်ပဲ ပြင်ဆင်နေတယ်” ဟု သတင်းအေဂျင်စီက ဆိုသည်။

အပတ်စဉ်ထုတ် Texas Observer မဂ္ဂဇင်း၏ ပြောကြားချက်အား ကိုးကား၍ Notimex က ဖော်ပြထားသည်မှာ တံတိုင်း တည်ဆောက်မှု ကနဦး လမ်းကြောင်း အနေဖြင့် တက္ကဆက်ပြည်နယ် McAllen မြို့ အရှေ့တောင်ဘက်ရှိ Santa Ana National Wildlife Refuge သဘာဝ ကွန်းခိုရာ တစ်လျှောက် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အပတ်စဉ်ထုတ် မဂ္ဂဇင်း၏ ဖော်ပြချက်အရ တံတိုင်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအား ဦးတည်ကာ ပြောကြားထားချက်အရ တံတိုင်း တည်ဆောက်ရေးမှာ အဆိုပါ သဘာဝ ကွန်းခိုရာအား ပျက်စီးစေနိုင်ကြောင်း သိရသည်။

ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းမှာ ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ပြီး တည်ဆောက်မှုပိုင်းအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းက ရေးသားထားသည်။

နှစ်နိုင်ငံ နယ်စပ် ပိုင်းခြားမှုအား ကွန်ကရစ်အခြေခံ စတီးတိုင်များဖြင့် ပြုလုပ်ထားသော ခြံစည်းရိုး တစ်ခု တည်ဆောက်မည် ဖြစ်ပြီး အမြင့် ၅.၄ မီတာနှင့် အရှည် ၄.၈ ကီလိုမီတာရှိမည် ဖြစ်ကြောင်း လွန်ခဲ့သော ၁၀ နှစ်အကြာက တက္ကဆက်ပြည်နယ် Hidalgo မြို့အနီးတွင် အလားတူ တံတိုင်း တစ်ခု တည်ဆောက်ခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

နယ်စပ်တံတိုင်း တည်ဆောက်ရန် ထိုအပိုင်းကို ရွေးချယ်ခဲ့ခြင်းမှာ ပြည်ထောင်စု အစိုးရက ပိုင်ဆိုင်သောကြောင့်ဟု သိရသည်။ တက္ကဆက်ပြည်နယ်နယ်စပ် တစ်လျှောက် ၉၅ ရာခိုင်နှုန်းမှာ သိမ်းယူရန် သို့မဟုတ် ဝယ်ယူရန် လိုအပ်နေသော ပုဂ္ဂလိက ပိုင်ဆိုင်မှုများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.