Connect with us

Africa & Middle East

အီရတ် အစိုးရ တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကြောင့် IS အကြမ်းဖက် အဖွဲ့ဝင် ၄၇ ဦး သေဆုံး

အီရတ် နိုင်ငံ ရှိ မြို့တစ်မြို့ တွင် ဗုံးကြဲ တိုက်ခိုက်မှု အပြီး အဆောက်အဦ များ ပျက်စီး နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၁၇ ရက်နေ့၌ နိုင်ငံ အနောက်မြောက်ပိုင်းရှိ မြို့တစ်မြို့အား ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ IS အစွန်းရောက် အဖွဲ့အစည်း မှ အကြမ်းဖက်သမား ၄၇ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရှိခဲ့ရသည်။

အီရတ် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေး ဌာန ၏ ထုတ်ပြန်ချက်တွင် သတင်းအချက်အလက်ဌာန ၏ သတင်းပေးပို့မှု အရ အီရတ် နိုင်ငံ လေတပ် က Nineveh ပြည်နယ် Tal Afar မြို့ ကို ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း ၊ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် IS အကြမ်းဖက်သမား များ စုဝေးရာ စခန်းများ ကို ဖျက်စီး နိုင်ခဲ့ပြီး ဆက်သွယ်ရေး စင်တာ နှင့် လက်နက် စက်ရုံ များကို ဖျက်စီး နိုင်ခဲ့ကြောင်း ၊ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အကြမ်းဖက် သမား ၄၇ ဦး သေဆုံးခဲ့ပြီး ထိုအတွင်း၌ IS အကြမ်းဖက် အဖွဲ့အစည်း ၏ ညွှန်ကြားရေးမှူး အဆင့်ရှိ အကြမ်းဖက် သမား အများအပြား ပါဝင် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Tal Afar မြို့ သည် မိုဆူးလ် မြို့ အနောက်ဘက် ကီလိုမီတာ ၇၀ အကွာအဝေး တွင် တည်ရှိပြီး အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ Tal Afar မြို့ သည် IS အကြမ်းဖက် အဖွဲ့အစည်း ၏ Nineveh ပြည်နယ် ရှိ နောက်ဆုံး စခန်းတည်ရှိရာ မြို့ဖြစ်ပြီး လက်ရှိချိန်တွင် အီရတ် အစိုးရ တပ်ဖွဲ့ များက ယင်းမြို့ ကို ပိတ်ဆို့ဝန်းရံ ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ သတင်းပေးပို့ချက်အရ မိုဆူးလ် တိုက်ပွဲ တွင် ပါဝင်ခဲ့သည့် အချို့သော တပ်ဖွဲ့များအနေဖြင့် လတ်တလော ရက်ပိုင်းတွင် Tal Afar မြို့ သိမ်းပိုက်ရေး စစ်ဆင်ရေး တွင် ပါဝင်သွား ကြမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.