Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်းတွင် လမ်းမတော်တဆမှု ဖြစ်ပွား၊ လူ ၉ ဦး သေဆုံး

အိန္ဒိယနိုင်ငံရှိ အော်တိုလန်ချားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်က လမ်းမတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး အခြားလူ လေးဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီ မတော်တဆမှုက ပြည်နယ်မြို့တော် ပတ်နာမှ ၃၀ ကီလိုမီတာအကွာ Vaishali ခရိုင် Sarai Bazar အနီးမှာ အမှတ် ၇၇ အမျိုးသား အဝေးပြေး လမ်းမကြီးပေါ်မှာ ဘတ်စ်ကား တစ်စီးက အရှိန်လွန်ပြီး လန်ချား တစ်စီးကို ဝင်တိုက်ခဲ့လို့ ဖြစ်ပွားခဲ့တာပါ” ဟု အခင်းဖြစ်နေရာရှိ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

လူ ၉ ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

“မတော်တဆမှုမှာ သေဆုံး ၏ဒဏ်ရာရသူတွေက လန်ချား မောင်းသူနဲ့ လန်ချားစီးလာတဲ့ ခရီးသည်တွေပါ” ဟု အထက်ပါ အရာရှိက ပြောသည်။

မျက်မြင် သက်သေများက ရဲတပ်ဖွဲ့အား ပြောကြားချက်အရ ခရီးသည်တင် ဘတ်စ်ကား မောင်းသူက အရှိန်မထိန်းနိုင်ဖြစ်ပြီး ဝန်ပို တင်ဆောင်လာသည့် သုံးဘီး လန်ချားအား ဝင်တိုက်မိခြင်းကြောင့် ယခုလို မတော်တဆမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

ထို မတော်တဆမှုတွင် သေဆုံးခဲ့သည့် မိသားစုဝင်များအား လျော်ကြေးငွေ ရူပီး ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၀၀၀) ပေးအပ်မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.