ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်မှု၊ ကျဆင်းနိုင်မှု အခြေအနေ နှင့် ပတ်သက်၍ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ကိုင်ရို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံသည် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု မူဝါဒ အရ ကာတာနိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ပြည်သူများအား အသိပညာပေးနိုင်မည့် လူမှုအခြေပြုဗဟိုဌာန (Community Centre)များကို တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ (၁၈)နေရာတွင် ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်သည်။
ထရိုင်ပိုလီ ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့(Benghazi)တွင် အကြမ်းဖက်အုပ်စုများ ထောင်ထားသော မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် လစ်ဗျားစစ်အင်ဂျင်နီယာ ၄၃ ဦးသေဆုံးပြီး အခြား ၂၇ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း လစ်ဗျားစစ်တပ်က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Nikol’skoye ကျေးလက်ဒေသ ၏ အရှေ့ဘက် နှင့် အရှေ့တောင်ဘက်ကြား ၁၉၉ ကီလိုမီတာ တွင် ရစ်ချ်တာစကေး အင်အား ၇.၇ အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်တမ်းကောက်ယူမှု အဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ဖုန်းတင့် ကို ခန့်အပ် တာဝန် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊...
ဘူခါရက် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ရိုမေးနီးယား နိုင်ငံ လူမှုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ Liviu Dragnea ၏ ဖိတ်ကြားချက်အရ တရုတ် ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီ အမြဲတန်း ကော်မတီဝင်၊တရုတ် ကွန်မြူနစ်ပါတီ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး လျိုယွင်ဆန်း (Liu yunshan)...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအပါအဝင် စုစုပေါင်း လူ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီတို့သည် ကရင်ပြည်နယ် နယ်မြေဒေသ လုံခြုံရေးအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။