Connect with us

Africa & Middle East

အီဂျစ်နိုင်ငံသည် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ စိုးရိမ်မှုများကြောင့် ကာတာနိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ၏ ပြောရေးဆိုခွင့်ရှိသူ Ahmed Abu Zeid အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံသည် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု မူဝါဒ အရ ကာတာနိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ၏ ပြောရေးဆိုခွင့်ရှိသူ Ahmed Abu Zeid က အီဂျစ်လူမျိုး မိခင်မှ မွေးဖွားလာပြီး ကာတာနိုင်ငံသား ခံယူထားသူများ၊ အီဂျစ်လူမျိုးများ၏ ကာတာနိုင်ငံသား ခံယူထားသော ခင်ပွန်း နှင့် ဇနီးများ အပါအဝင် အီဂျစ်နိုင်ငံတွင် ပညာသင်ကြားနေသည့် ကာတာကျောင်းသားများ အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံ ၏ လက်ရှိ ရပ်တည်ချက်များကြောင့် ၎င်းအပေါ် ခြွင်းချက်အနေဖြင့် အခွင့်အရေးပေးခြင်းများကို ဆက်လက်လုပ်ဆောင်ရန် အကြောင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

Abu Zeid က ညီအကိုကဲ့သို့ ရင်းနီးသော ကာတာပြည်သူများ၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမရှိစေရန် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များတွင် အထူးဂရုပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.