Connect with us

Politics, Law & Military

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မစ္စ ယန်ဟီလီ နယ်မြေဒေသ လုံခြုံရေးအခြေအနေများ တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မစ္စ ယန်ဟီလီတွေ့ဆုံနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီတို့သည် ကရင်ပြည်နယ် နယ်မြေဒေသ လုံခြုံရေးအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မစ္စ ယန်ဟီလီသည် ကရင်ပြည်နယ်အတွင်း နယ်မြေဒေသ လုံခြုံရေးအခြေအနေ၊ စီမံကိန်းလုပ်ငန်း များဆောင်ရွက်မှု၊ မြေယာ သိမ်းဆည်း မှုနှင့် လျော်ကြေးငွေပြန်လည်ပေးအပ်မှု၊ အဂတိလိုက်စားမှု ကင်းရှင်းရေး ဆောင် ရွက်မှု၊ စီမံကိန်းလုပ်ငန်းကြီးများ ဆောင် ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ ပါဝင် ဆောင်ရွက်မှု၊ မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူ မြန်မာနိုင်ငံသား များအား နိုင်ငံအတွင်း ပြန်လည် နေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားမှု၊ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်မှုနှင့် ဒေသတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်မှုအခြေအနေမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ကရင်ပြည် နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မစ္စ ယန်ဟီလီသည် ယနေ့ ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရိပ်သာ ပဒိုဒေးဗစ်တော ခန်းမ၌ တွေ့ဆုံကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.