နေပြည်တော်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော ဥပဒေကြမ်း လေးခု တို့ကို ပြည်ထောင်စု လွှတ်တော်က ယနေ့ အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၇နာရီခန့်က ဘားအံမြို့၌ ယာဉ်မတော်တဆဖြစ်ပြီး ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စတော့ဟုမ်း ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဆွီဒင် နိုင်ငံ အလယ်ပိုင်း Ludvika မြို့ ရှိ တည်ဆောက်နေဆဲ တံတား တစ်စင်း ပြိုလဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆွီဒင် နိုင်ငံ ရုပ်သံဌာန က...
ကိုင်ရို ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ယီမင် နိုင်ငံ အမျိုးသား ဘဏ် ၏ Aden မြို့ရှိ ဘဏ်ခွဲ တစ်ခု သည် ဇူလိုင်လ ၁၃ ရက်နေ့ က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး...
ကိုလံဘို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟတ်စီနာ၏ ဖိတ်ကြားချက်ဖြင့် သုံးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ဇူလိုင်လ ၁၃ ရက်က ထွက်ခွာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များကို ဇူလိုင်လ ၁၇၊ ၁၈ ရက်နေ့များတွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) လာမည့် (၁၂) လ အချိန်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှု ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော် အစိုးရထံသို့အကြုံပြုချက်များအား သြဂုတ်လ ပထမပတ်အတွင်း တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) မော်လိုက်မြို့၏ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အား အနည်း ငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ဇူလိုင် ၁၃ ရက် နံနက်ပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် နှစ်နှစ်တာအတွင်း သစ်တန်ပေါင်း ၉၆၁၇၉ တန် ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော်...