Connect with us

Sport

အာရှ ယူ၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များရောင်းချမည်

အာရှယူ၂၃ ခြေစစ်ပွဲကြိုတင်လက်မှတ်ရောင်းချမည့် အစီအစဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲစဉ်များအတွက် ကြိုတင်လက်မှတ်များကို ဇူလိုင်လ ၁၇၊ ၁၈ ရက်နေ့များတွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့များတွင် နေ့စဉ် နံနက် ၁၀နာရီမှ ညနေ ၅ နာရီအထိ လှည်းတန်းစင်တာ၊ အောင်ဆန်းကွင်း၊ သုဝဏ္ဏအားကစားကွင်းများတွင် ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ် တစ်စောင်လျင် ရိုးရိုးတန်း (၁၀၀၀)ကျပ်၊ (၂၀၀၀)ကျပ်၊ အထူးတန်း (၃၀၀၀)ကျပ်တို့ဖြစ်ကြပြီး တစ်စောင်လျင် ပွဲစဉ်(၂)ပွဲ ကြည့်ရှုနိုင်ကြောင်း သိရသည်။

လက်မှတ်ကျန်ရှိနေပါက ပွဲနေ့များတွင်လည်း သုဝဏ္ဏအားကစားကွင်းတွင် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲစဉ်များမှာ ဇူလိုင် ၁၉ ရက်နေ့တွင် နေ့လည် ၃း၀၀ နာရီတွင် သြစတြေးလျ နှင့် ဘရူနိုင်း၊ ညနေ၆း၀၀ နာရီတွင် မြန်မာ နှင့် စကာၤပူ၊ ဇူလိုင် ၂၁ ရက် နေ့လည် ၃း၀၀ နာရီတွင် စကာၤပူ နှင့် သြစတြေးလျ ၊ ညနေ ၆း၀၀ နာရီတွင် ဘရူနိုင်း နှင့် မြန်မာ၊ ဇူလိုင် ၂၃ ရက်နေ့ နေ့လည် ၃း၀၀ နာရီတွင် စကာၤပူ နှင့် ဘရူနိုင်း၊ ညနေ ၆း၀၀ နာရီတွင် သြစတြေးလျ နှင့် မြန်မာတို့ ခြေစမ်းကစားကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.