Connect with us

Europe

ဆွီဒင် နိုင်ငံ ရှိ တည်ဆောက်နေဆဲ တံတား တစ်စင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူအများ ဒဏ်ရာရရှိ

ဆွီဒင် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သော တံတား ပြိုလဲမှု ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စတော့ဟုမ်း ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဆွီဒင် နိုင်ငံ အလယ်ပိုင်း Ludvika မြို့ ရှိ တည်ဆောက်နေဆဲ တံတား တစ်စင်း ပြိုလဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆွီဒင် နိုင်ငံ ရုပ်သံဌာန က ဇူလိုင်လ ၁၃ ရက်နေ့၌ ထုတ်လွှင့် ခဲ့သည်။

ဆွီဒင် ရုပ်သံဌာန က ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ထုတ်လွှင့် ခဲ့သည့် သတင်းတွင် တံတား ပြိုလဲမှု ကြောင့် လုပ်ငန်းခွင် ရှိ အလုပ်သမား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ချက်တွင် လက်ရှိချိန်၌ ရဟတ်ယာဉ် ၂ စင်း နှင့် ကယ်ဆယ်ရေး ကား ၇ စင်းတို့မှ အခင်းဖြစ်ပွား ရာနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ပေးနေပြီး ဒဏ်ရာရရှိသူများ ကို နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးနေကြောင်း ၊ လမ်းပမ်းဆက်သွယ်ရေးဌာန အနေဖြင့် တံတား ပြိုလှဲခဲ့သည့် အကြောင်းရင်း ကို အတည်မပြုနိုင်သေးကြောင်း သိရှိခဲ့ရသည်။

ပြိုလဲခဲ့သည့် တံတား သည် ရထားလမ်း အထက်တွင် တည်ရှိပြီး ယခု နှစ် အောက်တိုဘာလ တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း ၊ အခင်းဖြစ်ပွား ခဲ့သောကြောင့် ရထားလမ်း ပိတ်ဆို့သွားပြီး သက်ဆိုင်ရာ ရထားသွားလာမှု များ ကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.