ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တပ်မတော်အတွင်းအရွယ်မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၆၇ ဦးစိစစ်တွေ့ရှိခဲ့ပြီး စိစစ် ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ် ပွဲကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ကျင်းပခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ ရွှေထည်နှင့် ရွှေထည်လက်ဝတ်ရတနာ အရောင်းအဝယ်ကဏ္ဍ တွင် အာမခံစနစ်၊ ဘဏ်စနစ်များ အသုံးပြုနိုင်မှုမရှိခြင်းကြောင့် ယုံကြည်မှုဖြင့်သာလည်ပတ်နေပြီး၊ ထုတ်လုပ်ရောင်းဝယ်မှု ကိန်းဂဏန်း မရရှိခြင်းကြောင့် မူဝါဒချမှတ်ရာတွင် ခက်ခဲနေကြောင်း ထို့ကြောင့် ရွှေဗဟိုဈေးကွက် တည်ထောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ...
ဒါကာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ ၃၀၄ ကီလိုမီတာအကွာရှိ ရန်ပါးရ်ခရိုင်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ခရီးသည် အလွန်အကျွံ တင်ဆောင်လာသော ထရပ်ကား တစ်စီးမှာ လမ်းမတစ်ခုဘေးသို့ ချော်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံ ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူး၍ ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော် နှင့် မန္တလေးမြို့တို့တွင် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ပထမ...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ယနေ့ နံနက် တွင် GI Group ရန်ကုန်-မြဝတီ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) နောက်မှ ကျော်တက်သော ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာအသုံးပြုနိုင်ရေး ယာဉ်မောင်းအားလုံးသို့ အသိပေးနှိုးဆော်ချက်ကို အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ ထုတ်ပြန်သည်။
လော့စ်အိန်ဂျလစ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု တိုးမြင့်လာသဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey က ဇွန်လ ၂၃ ရက်က အရေးပေါ်အဆင့် ကြေညာလိုက်လိုက်သည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ယနေ့အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၄၀ ခန့် ပြိုကျခဲ့သလို လူပေါင်း ၁၀၀ ခန့် မြေမြှုပ်ခံခဲ့ရကြောင်း မောက်ရှန်နယ်မြေ တာဝန်ရှိသူ သတင်းရင်းမြစ်များထံမှ သိရသည်။
ကိုလံဘို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းသားများအကြား ဇွန်လ ၂၁ ရက်က ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ခဲ့ပြီးနောက် တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ် (IUSF) စည်းရုံးသူ ကျောင်းသား Lahiru Weerasekara ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။