Connect with us

Culture & Entertainment

ငြိမ်းချမ်းရေးဂီတပွဲတော် ဇူလိုင်လတွင် ကျင်းပမည်

ငြိမ်းချမ်းရေးဂီတပွဲတော် Level 1 (ရန်ကုန်မြို့) ပဏာမအသံစစ်ဆေးရန် ကြော်ငြာမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- Peace Music Festival Page)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံ ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူး၍ ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော် နှင့် မန္တလေးမြို့တို့တွင် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ပထမ ပတ်မှစတင်၍ အပတ်စဉ် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပပုံများကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ နိုင်ငံသားဝါသနာရှင် မည်သူမဆိုပါဝင် ယှဉ်ပြိုင်နိုင်ကြပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာမြို့များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးခွဲများတွင် မှတ်ပုံတင်(သို့မဟုတ်)မှတ်ပုံတင် အတွက် ထောက်ခံစာပြသ၍ ပြိုင်ပွဲဝင်ပုံစံများကို အခမဲ့ ထုတ်ယူနိုင်ကြသည်။ အဆိုပါလျှောက်လွှာပုံစံများကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မြို့များ အတွက် ဇွန် ၃ဝ ရက် မွန်းတည့် ၁၂ နာရီနောက်ဆုံးထား၍ လည်းကောင်း၊ ကျန်မြို့များအတွက် ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍လည်းကောင်း မိမိတို့လျှောက်လွှာ ပုံစံထုတ်ယူခဲ့သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခွဲများသို့ ပြန်လည်ပေးပို့လျှောက် ထားကြရမည်ဖြစ်သည်။

မြို့အလိုက်ပြိုင်ပွဲများ ကျင်းပရာတွင် (Level-1) အဖြစ် ပထမအဆင့် အသံစစ်ဆေးခြင်းကို တီးလုံး သံမပါဘဲ အသံသက်သက်ဖြင့် နှစ်သက်ရာသီချင်းတစ်ပုဒ်ကို သီဆိုပြရမည်ဖြစ်ပြီး အသံစစ်ဆေးမှု အောင်မြင်သူများ အနေဖြင့် ဒုတိယအဆင့်တွင် တူရိယာတစ်မျိုးမျိုးဖြင့် ကိုယ်တိုင်တီးခတ်၍လည်းကောင်း၊ သို့မဟုတ် အခြားသူ၏တီးခတ်မှုဖြင့်လည်းကောင်း ထပ်မံသီဆိုယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒုတိယအဆင့်တွင် ထပ်မံရွေးချယ်ခံရသူများ အနေဖြင့် တီးဝိုင်း (Full Band) ဖြင့် မိမိနှစ်သက်ရာ သီချင်းတစ်ပုဒ်ကို သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ပါသည်။

မြို့အလိုက်ရွေးချယ်ခံသူများသည် ဒုတိယအဆင့် (Level-2)တွင် သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် ငြိမ်းချမ်းရေး သီချင်းများကို သီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းတို့ထဲမှ လက်ရွေးစင် ၁ဝ ဦးကို ရွေးချယ်ကာ တတိယအဆင့် (Level-3)ကို ငြိမ်းချမ်းရေး သီချင်းသစ်များဖြင့် သီဆိုယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပရိသတ်၏ Voting စနစ် နှင့်အကဲဖြတ်များ၏ အမှတ်ပေးစနစ်တို့ ပေါင်းစပ်ကာ နောက်ဆုံး ဆန်ခါတင်သုံးဦးကို ရွေးချယ်မည်ဖြစ်သည်။Grand Final တွင် ဆန်ခါတင်သုံးဦးအား သီဆိုယှဉ်ပြိုင် စေပြီး ပရိသတ်၏ Voting စနစ်၊ အကဲဖြတ်များ၏ အမှတ်ပေးစနစ်တို့ဖြင့် ပထမ၊ဒုတိယ၊တတိယဆုများ ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း ၃ဝဝ ၊ ဒုတိယဆု ကျပ်သိန်း ၂ဝဝ၊ တတိယဆု ကျပ်သိန်း ၁ဝဝ နှင့် နှစ်သိမ့်ဆုခုနစ်ဆု အတွက် ကျပ်သိန်း ၃ဝ စီချီးမြှင့်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) သီချင်းဆိုပြိုင်ပွဲနှင့် ပတ်သက်ပြီး အကြောင်းအရာ အပြည့် အစုံနှင့်Update သတင်းအချက်အလက်များကို Peace Music Festival Page (www.facebook.com/peacemusicfestival) တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.