Connect with us

Asia

သီရိလင်္ကာ ဆန္ဒပြပွဲပြီးနောက် ကျောင်းသား ခေါင်းဆောင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

သီရိလင်္ကာတွင် ဆန္ဒပြ ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းသားများအကြား ဇွန်လ ၂၁ ရက်က ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ခဲ့ပြီးနောက် တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ် (IUSF) စည်းရုံးသူ ကျောင်းသား Lahiru Weerasekara ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဋ္ဌာနရှေ့တွင် ဇွန်လ ၂၁ ရက်က IUSF ကျောင်းသားများ ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ယင်းဆန္ဒပြပွဲကြောင့် ကျောင်းသား ၈၅ ဦးနှင့် ရဲ ၉ ဦး ဆေးရုံရောက်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ပဋိပက္ခကြောင့် ကျန်းမာရေး ဝန်ကြီးဋ္ဌာန အဆောက်အအုံများ ပျက်စီးခဲ့ရပြီး ယင်း ဖြစ်ရပ်အတွက် အစီရင်ခံပေးရန် ဝန်ကြီးချုပ် Ranil Wickremesinghe က တောင်းဆိုထားသည်။

ကျောင်းသားများက ကျန်းမာရေး ဝန်ကြီးဋ္ဌာန အဆောက်အအုံအတွင်းသို့ အတင်းအကျပ် ဝင်ရောက်မည့် ထိန်းမနိုင်သိမ်းမရ အခြေအနေကြောင့် ယခုလို လုပ်ဆောင်ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားကြောင်း ကိုလံဘို တရားရုံးချုပ်က ထုတ်ပြန်သည့် အမိန့်၌ ဖော်ပြထားသည်။

ဆန္ဒပြ ကျောင်းသားများက နိုင်ငံ၏ တစ်ခုတည်းသော ပုဂ္ဂလိက ကျန်းမာရေးဋ္ဌာန South Asian Institute of Technology and Medicine (SAITM) အား ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

ဇွန်လ ၂၁ ရက်က စတင်ခဲ့သော ဆန္ဒပြပွဲတွင် အစိုးရ ကျန်းမာရေးအရာရှိများအသင်းမှ ဆရာဝန်များလည်း ပါဝင်လာသည့်အတွက် ကျန်းမာရေးကဏ္ဍ၌ များစွာ နှောင့်နှေးခဲ့ရသလို လူနာ ထောင်ပေါင်းများစွာလည်း အားကိုးရာမဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.