Connect with us

Asia

ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းတွင် ထရပ်ကား တစ်စီး လမ်းဘေးချော်ကျ၊ လူ ၁၆ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် ခရီးသည် အလွန်အကျွံတင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ ၃၀၄ ကီလိုမီတာအကွာရှိ ရန်ပါးရ်ခရိုင်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ခရီးသည် အလွန်အကျွံ တင်ဆောင်လာသော ထရပ်ကား တစ်စီးမှာ လမ်းမတစ်ခုဘေးသို့ ချော်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီ ဖြစ်ရပ်ကြောင့် လူ ၁၆ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်” ရန်ပါရ် ခရိုင် ရဲအရာရှိက ဆင်ဟွာသို့ ပြောသည်။

ယင်း ထရပ်ကားမှာ မွတ်ဆလင်ဘာသာဝင်များ၏ အစ်နေ့ ပိတ်ရက် ပြန်လာကြသူ အများအပြား လိုက်ပါလာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီတွင် ယခုလို ကားတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။

အဆိုပါ သတင်းရင်းမြစ်အဆိုအရ ကားမှောက်သည့်အထဲ ပါဝင်သူများမှာ အစ်ပွဲတော် ဆင်နွှဲရန် မြို့တော် ဒါကာ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လာကြသည့် နေ့စား အလုပ်သမားများ အများဆုံး ဖြစ်ကြောင်း သိရသည်။

ကားမှောက်မှုတွင် အသက်ရှင် ကျန်ရစ်သူ အာမတ်၏ ပြောစကားအရ ထရပ်ကားမောင်းသူမှာ အိပ်ချင်သည့်အတွက် ယာဉ်မောင်းအကူအား ကားကို ဖြည်းဖြည်းမောင်းရန် ပြောကြားခဲ့ကြောင်း၊ သို့သော် ယာဉ်မောင်းအကူမှာ ကားကို အမြန်နှုန်းဖြင့် မောင်းခဲ့ကာ အရှိန်မထိန်းနိုင် ဖြစ်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ မွတ်ဆလင်ဘာသာဝင်များအကြား အမြင့်မြတ်ဆုံးနှင့် အကြီးဆုံး ဘာသာရေးပွဲတော်အဖြစ် အစ်ပွဲတော် (Eid-ul Fitr) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကျင်းပမည် ဖြစ်သည်။

အစ်ပွဲတော် ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် ပြည်သူ သန်းပေါင်းများစွာက ၎င်းတို့၏ နေရပ်သို့ အမြဲတစေ ပြန်လာရေးအတွက် ပြွတ်သိပ် ကျပ်ညပ်နေသည့် သယ်ယူပို့ဆောင်ရေးကိုသာ အမြဲတစေ အသုံးပြုနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.