Connect with us

Politics, Law & Military

ရွှေ ဗဟိုဈေးကွက် တည်ထောင်နိုင်ရေး ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရအား အကြံပြု

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းပြသထားသည့်ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြန်မာ့ ရွှေထည်နှင့် ရွှေထည်လက်ဝတ်ရတနာ အရောင်းအဝယ်ကဏ္ဍ တွင် အာမခံစနစ်၊ ဘဏ်စနစ်များ အသုံးပြုနိုင်မှုမရှိခြင်းကြောင့် ယုံကြည်မှုဖြင့်သာလည်ပတ်နေပြီး၊ ထုတ်လုပ်ရောင်းဝယ်မှု ကိန်းဂဏန်း မရရှိခြင်းကြောင့် မူဝါဒချမှတ်ရာတွင် ခက်ခဲနေကြောင်း ထို့ကြောင့် ရွှေဗဟိုဈေးကွက် တည်ထောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ သတ္တမအကြိမ်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက နိုင်ငံတော်အစိုးရထံ တင်ပြသည်။

အကျိုးဆက်အနေဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်မှု တည်ငြိမ်စေရန် ရွှေလုပ်ငန်းကဏ္ဍမှ ထိန်းညှိရန် ခက်ခဲပြီး၊ ငွေကြေးခဝါချမှုမှလည်း ကာကွယ်ရန် ခက်ခဲကြောင်းနှင့် မြန်မာ့ရွှေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဘဏ်များ၊ အာမခံအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများပါဝင်သော ခိုင်မာပြီး စနစ်ကျသည့် ရွှေ ဗဟိုဈေးကွက်အား တည်ထောင်သင့်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက တင်ပြခဲ့သည်။

သို့မှသာ လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့် အာမခံနှင့်အတူ လွယ်ကူစွာ ရောင်းဝယ်နိုင်မည်ဖြစ်ပြီး ရွှေလုပ်ငန်းကဏ္ဍအနေဖြင့် နိုင်ငံတော်ငွေကြေးတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုထိန်းညှိ မြှင့်တင်ရေးအတွက်ပါ များစွာအထောက်အကူ ပြုနိုင်ကြောင်း ၎င်းက အကြံပြုခဲ့သည်။

ရွှေလုပ်ငန်းဆိုင်ရာ အခွန်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေအရ ရွှေထည် လက်ဝတ်ရတနာမျာအား တံဆိပ်ခေါင်းကပ်၍ ကုန်သွယ်လုပ်ငန်းခွန် (၁) ရာခိုင်နှုန်း ကောက်ယူခြင်းမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အောင်မြင်နေသော်လည်း၊ ကုန်ကြမ်းဖြစ်သည့် မီးလင်းရွှေတုံးရွှေခဲများ အပေါ် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းကောက်ယူရန်မှာ ခက်ခဲနေသဖြင့် မှောင်ခိုဈေးကွက်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ရွှေလုပ်ငန်းဆိုင်ရာ ကုန်သွယ်လုပ်ငန်းခွန်ပြင်ဆင်ရေးအား ဝန်ကြီးအဖွဲ့အတွင်း ဆွေးနွေးပြီးပြီဖြစ်ပြီး လွှတ်တော်သို့မကြာမီ တင်ပြတော့မည်ဖြစ်ကြောင်း ပြောပါသည်။

ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များဖက်က စီမံချက်အား တင်ပြပေးရန် ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.