ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် ပြည်ထောင်စု- အာဆီယံ (U.S- ASEAN) ထိပ်သီးအစည်းအဝေးအား အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Sunnylands Center ၌ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်တာ ကျင်းပမည် ဖြစ်သည်။
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) နိုင်ငံပေါင်း ၂၀ မှ စစ်တပ်များ သည် စုပေါင်း စစ်ရေး ပြပွဲ ပြုလုပ်ရန် ဆော်ဒီ အာရေဗျနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ဆော်ဒီ သတင်းဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို အတတ်နိုင်ဆုံး အားလုံး ဝိုင်းဝန်း ထမ်းဆောင်ရမည့် နေရာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဖေဖော်ဝါရီလ ၁၅...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း၊ ထန်းပင်ကုန်းရပ်ကွက်ရှိ သဇင်လမ်းတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ခြောက်လုံးဆုံးရှုံးသွားကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ၁၄ရက်(ဆင်ဟွာ) ကန်တော်ကြီးဥယျာဉ်၏ ချစ်သူများကျွန်းတွင် အသက်၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်သိုက် ရောင်စုံ ဘောလုံးများဆင်နေသူ၊ ပို့စကတ်လေးတွေ လိုက်ချိတ်သူချိတ် နှင့် အလုပ်ရှုပ် နေကြသည်။ ပတ်ဝန်းကျင်က လူများ ၎င်းအဖွဲ့ကို စိတ်ဝင်တစားကြည့်ရှုသွားကြသည်။
ဟို့စ်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တရားရုံးချုပ် တွဲဖက်တရားသူကြီး အန်တိုနင် စကာလီယာ (Antonin Scalia) သည် ဖေဖော်ဝါရီလ ၁၃ ရက်က အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အပန်းဖြေအိမ်ရာ တစ်ခု၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း တရားသူကြီးချုပ် ဂျွန်ရောဘတ်က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် အယ်နီညို သက်ရောက်မှု (ElNino Effect) ရှိနိုင်ပြီး အပူချိန် မြင့်မားခြင်း၊ ခြောက်သွေ့ ခြင်း၊ ရေရှားပါးခြင်းများကြုံတွေ့နိုင်သဖြင့် လုပ်သားပြည်သူ များနှင့် တောင်သူ လယ်သမားများ လိုက်နာဆောင်ရွက်ကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်များအား လယ်ယာ စိုက်ပျိုးရေး...
ကူမင်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ခရီးသွားဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ အာရှဆင်ရိုင်း တစ်ကောင် ရောက်ရှိလာပြီး ရပ်ထားသည့် မော်တော်ကားများစွာကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက္ကာရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စတင် လောင်ကျွမ်းသော မီးသည် နေ့လည် ၁၂း၁၅ နာရီတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ နေအိမ်၌ ကုသိုလ် ပြုလုပ်ခဲ့ကြောင်း သိရသည်။