Connect with us

North America

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ ၈ ဦးသေဆုံး

သေနတ် ပစ်ခတ်မှုဖြစ် သံသယ ရှိသူ တစ်ဦး ကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးလာစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ် ရဲဘက်ဆိုင်ရာ က ပြည်နယ်အတွင်း ၂၇ ရက်နေ့ညပိုင်းတွင် သေနတ် ပစ်ခတ်မှု ၃ ခု ဖြစ်ပွား ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် ၈ ဦးသေဆုံးခဲ့ကာ ရဲတပ်ဖွဲ့အနေဖြင့် သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီး လိုက်ပြီး ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

မစ္စစ္စပီ ပြည်နယ် စုံစမ်းစစ်ဆေးရေး ဌာန ပြောရေးဆိုခွင့်ရှိသူ Warren Strain က ထုတ်ပြန်ချက်တစ်ခု တွင် သေနတ် ပစ်ခတ်မှု သည် ပြည်နယ်အတွင်းရှိ Lincoln နယ်မြေ Bogchiito မြို့ရှိ နေအိမ် ၃ ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

လူတစ်ဦးမှ အခင်းဖြစ်ညပိုင်းတွင် ရဲဌာန သို့ သတင်းပေးပို့ရာ၌ သံသယ ရှိသူ တစ်ဦးသည် ၎င်း၏ နေအိမ် မှ ထွက်ခွာရန် ငြင်းဆိုနေကြောင်း ၊ အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သွားရောက်စဉ် သံသယ ရှိသူ နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှင့် အခြား ၃ ဦးသေဆုံး ခဲ့ရကြောင်း ၊ ထို့ပြင် အနီးပတ်ဝင်းကျင်ရှိ နေအိမ် နှစ်ခုတွင်လည်း သေနတ် ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး ခဲ့ရကြောင်း Lincoln နယ်မြေ ရဲတပ်ဖွဲ့ ဌာနမှူးက ပြောကြား ခဲ့သည်။လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ Willie Cory Godbolt အမည်ရှိ သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းမှာ ယခင်ကလည်း ပြစ်မှုများစွာ ကျူးလွန်ခဲ့သည့် မှတ်တမ်းရှိကြောင်း သိရှိရသည်။(Xinhua)