Connect with us

Politics, Law & Military

စီးပွားရေး ကဏ္ဍရှိ အချက်အားလုံး သဘောတူခဲ့ကြသည်ဟု ဆို


နေပြည်တော်၊ မေ ၂၈ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲ၏ ပဉ္စမနေ့ ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် စီးပွားရေးကဏ္ဍ ဆွေးနွေးမှုတွင် ပါရှိသည့် အချက်အားလုံးကို သဘောတူခဲ့ကြသည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင်၊ စီးပွားရေး ကဏ္ဍ အကျိုးဆောင် ဦးလှမောင်ရွှေက မီဒီယာသို့ ပြောသည်။

ယနေ့ညနေ ဆက်လက်ပြုလုပ်မည့် UPDJC အစည်းအဝေးနှင့် ပတ်သက်ပြီး ၎င်းက “အားလုံးကဏ္ဍကြီး ငါးခုရှိတယ်၊ ဒါပေမယ့် သဘောတူညီချက်တွေ ယူဖို့က လေးခု ရှိတယ်၊ နိုင်ငံရေး ကဏ္ဍက ပြီးသွားပြီ၊ စီးပွားရေး ကဏ္ဍလည်း ပြီးသွားပြီ၊ ကျန်တဲ့ မြေယာနဲ့ လူမှုရေး အဲဒီ ကဏ္ဍတွေ ဆက်ဆွေးနွေးဖို့ကျန်သေးတယ်၊ ဒီညနေ ၆ း ၀၀ နာရီလောက်မှာ ကျန်တာတွေ ဆွေးနွေးလို့ ပြီးမယ်၊ ကျန်တဲ့ မြေယာက အချက် ခြောက်ခုနဲ့ လူမှုရေးက လေးခုပဲ ရှိတဲ့အတွက် အဲဒါတွေ အားလုံးလည်း အဆင်ပြေမှာပါ။ မနက်ဖြန် ညီလာခံမှာ ဒီက ထွက်လာမယ့် out-turn တွေကို တင်ပြီးသဘောတူညီချက် ရအောင် ဆက်လုပ်မယ်၊ မနက်ဖြန် ညီလာခံက မနက်ပိုင်းမှာတင် ပြီးမယ်လို့ ထင်တယ်”ဟု ပြောခဲ့သည်။

၂၁ ပင်လုံ ဒုတိယအစည်းအဝေး ပဉ္စမနေ့တွင် UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အချက်ပေါင်း ရှစ်ချက်၊ ခေါင်းစဉ်ငယ် ၁၁ ချက်ပါဝင်သည့် စီးပွားရေး ကဏ္ဍကို မနက်ဖြန် ညီလာခံ၌ အတည်ပြုသည့်အခါ ဆွေးနွေးထားသည့် အချက်တိုင်းမှာ စကားလုံး ရွေးချယ်ခြင်း၊ စကားလုံး ပြောင်းခြင်း၊ ရေးထုံး ညီအောင် ပြင်ခြင်း၊ သို့မဟုတ် concept ကို ပိုမိုခိုင်မာအောင် ပြုပြင်ခြင်းများ ရှိလာနိုင်သော်သော်လည်း မူရင်းအချက် အားလုံးကို သဘောတူထားပြီး ဖြစ်ကြောင်း ၎င်းက မီဒီယာသို့ရှင်းပြခဲ့သည်။

မနက်ဖြန် ညီလာခံတွင် ဆွေးနွေး အတည်ပြုမည့်အချက်များနှင့် ပတ်သက်ပြီး “ကိုယ်ပိုင် ပြဌာန်းခွင့် ခေါင်းစဉ် တစ်ခုလုံး မပါတော့တဲ့အတွက်သူ့အောက်က တန်းတူရေးတို့လည်း မနက်ဖြန် ညီလာခံမှာ မပါတော့ဘူး၊ လုံခြုံရေး ကဏ္ဍကလည်း အစကတည်းက ဆွေးနွေးဖို့ပဲရှိတာ၊ ဆုံးဖြတ်ဖို့မဟုတ်လို့ ညီလာခံမှာ မပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။ (Xinhua)