ရှီးနီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြစ်ဝါမြစ်၏ အနောက်မြောက်ဘက် တရုတ်၏ ချင်းဟိုင်း စီရင်စုနယ်(Qinghai) စန်းကျန်းယွမ် (Sanjiangyuan) ဒေသတွင် အမျိုးသား ဥယျာဉ် ပန်းခြံ တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်အလွန် အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ၂၀၁၆-၂၀၂၅ ရေးဆွဲရေး လုပ်ငန်းစဉ် များအား ၁၈ ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ယနေ့ထုတ်ပြန် လိုက်သော ၂၀၁၅ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ကျောက်မျက်ရတနာ ရောင်းချမှုအပေါ် အခွန်လျော့ချ ကောက်ခံမည် ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထား သည်။
စင်ကာပူ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ဘက်တွင် မြို့ပြများ စုပြုံဝန်းရံ ထားသည့် ပုလဲမြစ်ဝကျွန်းပေါ် ဒေသသည် ကမ္ဘာတွင် အကြီးဆုံး မြို့ပြ ဟု သတ်မှတ်ထားသည့် ဂျပန်၏ မြို့ပြဧရိယာ နှင့် လူဦးရေအား ကျော်တက်သွား သည် ဟု ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၂၆...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိအထူးစီးပွားရေးဇုန် (၁၂) ခုတွင် မြန်မာနိုင်ငံမှ အလုပ်သမားများ နေ့ချင်းပြန် တရားဝင် သွားရောက်ပြီး အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးအနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းသုံးထောင် ကျော်ခဲ့ကြောင်း ပို့ကုန်သွင်းကုန် အစီရင်ခံစာ အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ယခုနှစ်အတွင်း ငွေကျပ် ၁၅ဝဝ တန် GSM နှင့် WCDMA ဖုန်းအလုံးရေ ၈,ဝ၅၅,၃ဝဝ ကိုထပ်မံချထားပေးမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် WTO စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အခွန်စည်းကျပ်မှုများကို ဖြေလျှော့ရန်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ (SME) ကို ကာကွယ်ရန် လိုအပ်သည့် ဥပဒေများကိုရေးဆွဲ ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး...
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အစိုးရ ငွေတိုက် စာချုပ်များကို လျှော့ဈေး(Discount Rate) ဖြင့် ဇန်နဝါရီ ၂၈ ရက်မှ စတင်ပြီး နှစ်ပတ် တစ်ကြိမ် ရောင်းချ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဇန်နဝါရီလတွင် တရုတ်၏ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာသော်လည်း ယခင်အဆင့်ကို မရောက်ရှိသေးကြောင်း HSBC ဘဏ်၏ ညွှန်းကိန်း များအရ သိရသည်။