Connect with us

North America

ပူတင် နှင့် ထရမ့်တို့ မေလ ၂ ရက် တွင် ဖုန်းဖြင့် ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် တို့သည် မေလ ၂ ရက်နေ့တွင် ဖုန်းဖြင့် ပြောဆိုဆွေးနွေးကြမည်ဖြစ်ကြောင်း အိမ်ဖြူတော် က မေ ၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသို့ ဆက်သွယ်ပြောဆိုမှု သည် ဧပြီလတွင် ဆီးရီးယားအစိုးရအပေါ် အမေရိကန်၏ လေကြောင်းစစ်ဆင်မှု နှင့် ပတ်သက်၍ အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် ဆက်သွယ်ပြောဆိုမှု ဖြစ်ကြောင်း သိရသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သည့် သမ္မတ ထရမ့်၏ နေ့စဉ် အချိန်ဇယားအရ ဖုန်းပြောဆိုမှုအား ဧပြီ ၂ ရက် ဒေသစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၆၃၀နာရီ) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယား အစိုးရ က သူပုန်များထိန်းချုပ်ထားသည့် Khan Sheikhoun မြို့ အား ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားစစ်တပ် ၏ လေတပ်စခန်းအား ပစ်မှတ်ထား၍ ပစ်ခတ်မှုများပြုလုပ်ရန် ဧပြီ ၆ ရက်က အမိန့်ပေးခဲ့သည်။

အမေရိကန်၏ တိုက်ခိုက်မှုအပြီး ဆီးရီးယား နိုင်ငံပိုင် ရုပ်သံလိုင်းက ယင်းတိုက်ခိုက်မှုသည် ကျူးကျော်မှုတစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဆီးရီးယား နှင့် ရုရှား နှစ်နိုင်ငံစလုံးက ဆီးရီးယားအစိုးရ အနေဖြင့် ဓာတုလက်နက်များ အသုံးပြုခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

ရုရှားနိုင်ငံ ကလည်း ဆီးရီးယားအစိုးရအပေါ် အမေရိကန်၏ တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ ကိုချိုးဖောက်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအား ကျူးကျော်ရန်စခြင်းပင်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်များပြီးနောက် ထရမ့်က အမေရိကန်နိုင်ငံ သည် ရုရှားနိုင်ငံ နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး လုံးဝမရှိကြောင်း နှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးသည်လည်း အမြဲတမ်းနိမ့်ကျနေနိုင်ကြောင်း ဧပြီလ က သတင်းထောက်များအားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.