Connect with us

Asia

ဘင်္ဂလားဒေ့ရှ် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ မေ ၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၁ ရက် ညပိုင်းက လေးနာရီကြာ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေလ ၂ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူများမှာ မြို့တော် ဒါကာ အနောက်ဘက် ၂၅၆ ကီလိုမီတာအကွာရှိ Rajshahi ခရိုင်မှ လေးဦး၊ ဒါကာ အနောက်မြောက်ဘက် ၃၀၂ ကီလိုမီတာ အကွာရှိ Chapainawabganj ခရိုင်မှ သုံးဦး ဖြစ်ကြောင်း သိရသည်။

လေပြင်းမုန်တိုင်းကြောင့် အဆောက်အအုံများ ပျက်စီးခြင်း၊ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်း၊ သွပ်၊ ရွှံ့ဖြင့် တည်ဆောက်ထားသည့် အိမ်များမှာ ပြားပြားဝပ်သွားခဲ့ကြောင်း၊ လမ်းနှင့် ရထားလမ်း ဆက်သွယ်မှုများလည်း ပြတ်တောက်ခဲ့ရကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မတ်လမှ မေလလယ်အတွင်း လေဆင်နှာမောင်းများနှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117